နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြား
Ministry of Information/ Naypyitaw / February 25, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၅
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများအား တွေ့ဆုံအမှာစကားပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် သင်တန်းနည်းပြများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ဗထူးမြို့သည် လေ့ကျင့်ရေးဆိုင်ရာ သင်တန်း ကျောင်းကြီးများနှင့် လေ့ကျင့်ရေးအထောက်အကူပြု လက်ရုံးဝန်ထမ်းတပ်များ အခြေပြုရာ သမိုင်းအစဉ်အလာအရ ထူးခြားသည့် တပ်မြို့ဖြစ်ပြီး အဓိကတာဝန်သည် လေ့ကျင့်သင်ကြားပေးရန်ဖြစ်သည့်အတွက် လေ့ကျင့်သင်ကြားရေးနှင့်ပတ်သက်၍ ပီပီပြင်ပြင် လက်တွေ့ကျကျ လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း၊ ထိုသို့ စစ်ဘက်ဆိုင်ရာအသိပညာနှင့် အတတ်ပညာများ သင်ကြားလေ့ကျင့်ပေးရာတွင် နည်းပြများအနေဖြင့် စေတနာထား၍ တက်မြောက်သည်အထိ လေ့ကျင့်ပေးသွားရန်လိုကြောင်း၊ မိမိသိသလို၊ တတ်မြောက်သလို၊ ကျွမ်းကျင်သလို သင်တန်းသားများကိုလည်း တတ်သိကျွမ်းကျင်အောင် အိတ်သွန်ဖာမှောက် သင်ကြားပေးရန်လိုကြောင်း၊ နည်းပြများအနေဖြင့် သင်တန်းသားတပည့်များကို ဆရာဂုဏ်ပြည့်ဝစွာဖြင့် လေ့ကျင့်သင်ကြားပေးရန်လိုကြောင်း။
ထို့အပြင် တပ်မြို့တွင်နေထိုင်သော အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်များအနေဖြင့် မိမိတို့တပ်၊ ကျောင်းများကိုသာမက မြို့နေလူထု၏ လုံခြုံရေးနှင့်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးအတွက်လည်း လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများကို မျက်ခြေမပြတ် စောင့်ကြည့်၍ လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိရန် လိုကြောင်း၊ တပ်မတော်သားများတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်ရန် လေ့ကျင့်သင်ကြားပေးရာ၊ မွမ်းမံလေ့ကျင့်ပေးရာ သင်တန်းကျောင်းကြီးများရှိရာမြို့ဖြစ်၍ တာဝန်ထမ်းဆောင်မှုအပေါ် ဂုဏ်ယူစွာဖြင့် မိမိအားပေးအပ်သည့် တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန်လိုကြောင်း။
NCA လက်မှတ်ရေးထိုးထားသည့် EAO အဖွဲ့အချို့နှင့် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် EAO အဖွဲ့များအနေဖြင့် နိုင်ငံရေးဖြစ်စဉ် မမောက်ကမဖြစ်မှုများကြောင့် နယ်စပ်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် လူငယ်၊ လူရွယ်များ၊ DCS နိုင်ငံ့ဝန်ထမ်းအချို့တို့အား လူသားချင်းစာနာထောက်ထားမှု အကြောင်းအရာခေါင်းစဉ်အောက်၌ လက်ခံထိန်းသိမ်းပြီး ပြည်ပနိုင်ငံကြီးအချို့၏ ငွေကြေးထောက်ပံ့မှုများရယူကာ အကြမ်းဖက်သင်တန်းများ သင်ကြားပို့ချ၍ လက်နက်များ တပ်ဆင်ပေးကာ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်စေရန်မြှောက်ပင့်ပေးမှု၊ တည်ငြိမ်အေးချမ်းရေးကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပမှ အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် တရားမဝင်ဖွဲ့စည်းထားသည့် CRPH နှင့် NUG တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်အဖွဲ့များ ဒေသအလိုက် အမည်အမျိုးမျိုးဖြင့် ပေါ်ပေါက်လာခဲ့ပြီး PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ အကြမ်းဖက်လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိပြီး အချို့သောတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့်လည်း အဆိုပါအခြေအနေကို အခွင့်ကောင်းရယူပြီး နယ်မြေချဲ့ထွင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသည့်အတွက် တပ်မတော်အနေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ပြည်သူလူထုများနှင့် အတူတကွပူးပေါင်း၍ တရားဥပဒေနှင့်အညီ တိုက်ပွဲဝင်စိတ်ဓာတ်ကို တုံးတိုက်တိုက်၊ ကျားကိုက်ကိုက်စိတ်ဓာတ်၊ လှေခွက်ချည်းကျန်အလံမလဲသည့် စိတ်ဓာတ်တို့ဖြင့် တိုက်ခိုက်ချေမှုန်း နှိမ်နင်းလျက်ရှိပြီး အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ ထိုသို့အောင်မြင်မှုရရှိခြင်းသည် အရာရှိ၊ စစ်သည်၊ ရဲမေတစ်ဦးချင်းစီ၏ စွမ်းရည်များကြောင့်ပငဖြစ်ကြောင်း၊ ထိုသို့တစ်ဦးချင်း၏စွမ်းရည်များ ရရှိလာအောင် လေ့ကျင့်ရေးသင်တန်းကျောင်းကြီးများကပင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်၍ရှေ့ဆက်၍လည်း နည်းပြများအနေဖြင့် သင်တန်းသားများကို ယခုထက်ပို့၍ စနစ်တကျလေ့ကျင့် သင်ကြားပေးသွားကြရန်လိုကြောင်း။
နိုင်ငံရေးဖြစ်စဉ်နှင့်ပတ်သက်၍ NLD အစိုးရအနေဖြင့် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဆောင်ရွက်ပြီး နိုင်ငံတော်၏ အာဏာကို အဓမ္မရယူရန် ဆောင်ရွက်ခဲ့ခြင်းကြောင့် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံ့အရေးအတွက် နိုင်ငံတော်တာဝန်များကို ခေတ္တထိန်းသိမ်းထမ်းဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်ချိန်မှစတင်၍ ဦးတည်ချက်များ ချမှတ်ဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးချိန်တွင် ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရရှိသည့် ပါတီအား နိုင်ငံတော်၏ တာဝန်ကို လွှဲပြောင်းပေးအပ်မည်ဟု ပါရှိပြီးဖြစ်ကြောင်း။
နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက်ခဲ့ရချိန်တွင် နိုင်ငံရေးအရ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းတွင် သဘောထားကွဲလွဲမှုများကြောင့် အကြမ်းဖက်လုပ်ရပ်များကိုပင် လုပ်ဆောင်လာခဲ့ကြကြောင်း၊ ယင်းအချိန်သည် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြီး ဖြစ်ပေါ်နေသည့်ကာလဖြစ်ပြီးသစ္စာမဲ့သည့် နိုင်ငံ့ဝန်ထမ်းအချို့၏ လုပ်ငန်းခွင်စွန့်ခွာမှုများကိုလည်း ကြုံတွေ့ခဲ့ရကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်း ထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မိုခါမုန်တိုင်း၊ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းတွင် ရာဂီမုန်တိုင်း တိုက်ခတ်မှု၏ နောက်ဆက်တွဲအဖြစ် နှစ်ပေါင်း ၁၀၀ အတွင်း မကြုံဖူးသော ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်ခဲ့ခြင်းများနှင့် အခြားစိန်ခေါ်မှု ကြီးများကိုလည်း အခက်အခဲများကြားမှ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ကြောင်း၊ ဖြစ်ပေါ်ခဲ့သည့်အကြမ်းဖက်မှုများ ကိုလည်း ဥပဒေနှင့်အညီ ထိန်းထိန်းသိမ်းသိမ်းဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နောက်ပိုင်းတွင် အကြမ်းဖက်မှုများ တဖြည်းဖြည်းလျော့ပါးသွားခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပရန်နိုင်ရန်အတွက် မိမိတို့အနေဖြင့် မဲစာရင်းများမှန်ကန်စွာရရှိရေး ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အကြီးအကဲနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများ ပါဝင်နိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၅ ခုနှစ် ၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်ခဲ့ပြီး အပိုင်း (၃) ပိုင်းခွဲ၍ မြို့နယ်ပေါင်း ၂၆၃ မြို့နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူများအနေဖြင့် ဆန္ဒမဲများပေးရာတွင် တက်ကြွစွာဖြင့် မြန်မာအီလက်ထရောနစ်မဲပေးစနစ် (MEVM) စက်များဖြင့် စနစ်တကျမဲပေးခြင်းများကို မိတ်ဖက်နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှ ရွေးကောက်ပွဲ လာရောက်လေ့လာစောင့်ကြည့်သူများ၊ ပြည်တွင်း/ပြည်ပ မီဒီယာများ၏ ရှေ့မှောက်တွင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ သန်းကျော်အနက် ဆန္ဒမဲပေးသူ ၁၃ ဒသမ ၁၄ သန်းကျော်ရှိခဲ့သဖြင့် ဆန္ဒမဲပေးမှု ရာခိုင်နှုန်းမှာ ၅၄ ဒဿမ ၂၂ ရာခိုင်နှုန်းရှိကြောင်း၊ ရွေးကောက်ပွဲသည် မဲမသမာမှုနှင့် မဲစာရင်းမှားယွင်းမှုမရှိဘဲ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း။
ယခုအခါ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပြီးဖြစ်သဖြင့် မကြာမီလာမည့် မတ်လတွင် လွှတ်တော်ခေါ်ယူ၍ အစည်းအဝေးကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းများကို နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ဧပြီလဆန်းပိုင်းတွင် သမ္မတရွေးချယ်တင်မြောက်၍ အစိုးရသစ်တစ်ရပ် ဖွဲ့စည်းကာ နိုင်ငံတော်၏တာဝန်ကို ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း။
တပ်မတော်အနေဖြင့် နိုင်ငံရေးအစိုးရများ မည်ကဲ့သို့ပင်ပြောင်းလဲသည်ဖြစ်စေ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေခြင်းဖြစ်၍ စွမ်းရည်ရှိသည့် တပ်မတော်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စွမ်းရည်၊ စွမ်းအားရှိသည့်တပ်မတော်ဖြစ်စေရေး အကြီးအကဲများက ကြိုးပမ်းဆောင်ရွက်ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လေ့ကျင့်သင်ကြားပေးနေသည့် နည်းပြများအနေဖြင့်လည်း စွမ်းရည်ရှိသည့် တပ်မတော်သားများဖြစ်စေရေး မိမိတို့တတ်မြောက်ထားသည့် စစ်အတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်စွာအသုံးချနိုင်သည့်၊ ကျန်းမာကြံ့ခိုင်သည့် တပ်မတော်သားများဖြစ်အောင် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် ဆောင်ပုဒ်အတိုင်း တိတိကျကျ လေ့ကျင့်သင်ကြားပေးသွားရန် လိုကြောင်း။
ဗထူးတပ်မြို့သည် လေ့ကျင့်ရေးကျောင်းကြီးများရှိသကဲ့သို့ ခြေလျင်/ခြေမြန်တပ်ရင်းများ၊ လက်ရုံးတပ်ဖွဲ့များလည်းရှိကြရာ တပ်ရင်း/တပ်ဖွဲ့နှင့် မိသားစုများအတွက် တပ်တည်ဆောက်ရေးလုပ်ငန်းကြီး (၄) ရပ်ကိုလည်း နိစ္စဓူဝသမားစဉ်လုပ်ငန်းများနှင့်အတူ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လေ့ကျင့်ရေးကို တစ်ဖက်မှာလည်း ကိုယ်တိုင်၊ သင်တန်းသားများပါ လေ့ကျင့်ပေးသကဲ့သို့ တပ်နယ်အတွင်းရှိ သန္ဓေအရာရှိ စစ်သည်များနှင့် မိသားစုများကို တိုက်ပွဲဝင်စိတ်ဓာတ်များ၊ စစ်မှုအတတ်ပညာများ သိရှိလိုက်နာနိုင်ရေးကိုလည်း လေ့ကျင့်ပေးနေရမည်ဖြစ်ကြောင်း။
အုပ်ချုပ်ရေးနှင့်ပတ်သက်၍ စစ်ဆင်ရေး၊ လုံခြုံရေးနှင့် လေ့ကျင့်ရေးဆိုင်ရာများ အောင်မြင်ရန် အုပ်ချုပ်ရေးသည် အဓိကကျကြောင်း၊ တပ်မတော်ရုံးလုပ်ငန်းများကို ဦး၊ ရေး၊ ထောက် ဒေါက်တိုင် ၃ ရပ်ကောင်းမွန်စွာ လည်ပတ်မှုဖြင့် ထိန်းကြောင်းထားကြောင်း၊ စစ်စည်းကမ်းဆိုင်ရာ စည်းမျဉ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာ၍ ဦး၊ ရေး၊ ထောက်လုပ်ငန်းများကို ဟန်ချက်ညီ ထိန်းကြောင်းသွားရန်လိုကြောင်း၊ ပုံမှန်ဆောင်ရွက်ရသော လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ရှိသူများက စိတ်ဝင်တစားဆောင်ရွက်သွားရန်လိုကြောင်း၊ အုပ်ချုပ်ရေးပိုင်းကို ပိုင်နိုင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏သက်သာချောင်ချိမှုကိုလည်း ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း။
မကြာမီ မတ်လတွင်ကျင်းပတော့မည့် Grade-12 စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် တပ်နယ်များမှ ကျောင်းသား ကျောင်းသူများ ထူးချွန်စွာအောင်မြင်စေရေး တာဝန်ရှိသူများအနေဖြင့် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်းဆောင်ရွက်ပေးကြရန်နှင့် မိဘများအနေဖြင့်လည်း မိမိ၏ သားသမီးများအား ပညာအမွေပေးနိုင်ရန်၊ တန်းစဉ်ကူးပြောင်းမှုတွင်အတန်းပညာပြီးဆုံးသည်အထိ ပါဝင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်း၍ ဂရုတစိုက် ကြပ်မတ်ဆောင်ရွက်ပေးသွားရန်လိုကြောင်းဖြင့် ပြောကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ ရဲမေတစ်ဦးချင်းစီ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးအပ်လိုက်သည့် စားသောက်ဖွယ်ရာပစ္စည်းများ၊ တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများကို ပေးအပ်ရာ တပ်နယ်မှူးက လက်ခံရယူသည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ၏ ဇနီးက တပ်နယ်ရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များသည် မွန်းလွဲပိုင်းတွင် တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာ (ဗထူးစမ်း) သို့ သွားရောက်၍ ဥစားကြက်(Novogen Brown) မွေးမြူထားရှိမှု၊ နို့စားနွားမွေးမြူထားရှိမှု၊ DYL ဝက် မွေးမြူထားရှိမှုနှင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများအား လည်းကောင်း၊ လယ်မြေသစ်များဖော်ထုတ်၍ ၎င်းလယ်မြေများတွင် နေကြာသီးညှပ် ၈ ဧက၊ ကုလားပဲ ၈ ဧက၊ ပဲပုတ် ၁၄ ဧကနှင့် အာလူး ၁ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တပ်မတော် (ကြည်း) တိုက်ခိုက်ရေးကျောင်း (ဗထူး) ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) က သိရှိလိုသည်များ မေးမြန်းပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 25, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 24, 2026
ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့...
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
Revenue Appellate Tribunal / Posted on February 24, 2026
အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
