နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဆန်းဦးက ဝန်ထမ်းများအား တွေ့ဆုံ၍ ထပ်ဆင့်ရှင်းလင်း


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 23, 2026


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းခြင်းနှင့် ဝန်ထမ်းများအား တွေ့ဆုံပွဲ အခမ်းအနားကို ၂၃-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉) သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီး ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သော တိုင်းပြည် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒများကို ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီး ပညာရေး ကဏ္ဍနှင့် ပတ်သက်၍ ပညာရေးသည် နိုင်ငံပြုပြင်ပြောင်းလဲမှုအတွက် အဓိကကျသဖြင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ နိုင်ငံတော်အတွက် အကျိုးပြုမည့် ပညာရှင်များ မွေးထုတ်ပြီး တိုင်းပြည် သဘာဝပတ်ဝန်းကျင် ကောင်းမွန် ဖွံ့ဖြိုးတိုးတက်ရေးကို အားသစ်လောင်း ဆောင်ရွက် သွားကြရန်၊  သစ်တောကဏ္ဍအနေဖြင့် သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရေရှည်ထုတ်ယူ သုံးစွဲ နိုင်အောင် စနစ်တကျ ထုတ်လုပ်ရေး၊ သစ်နှင့်သစ်အချောထည်များ တန်ဖိုးမြှင့် ထုတ်လုပ်တင်ပို့ နိုင်ရေး အလေးထားဆောင်ရွက်သွားကြရန် လိုအပ်သလို အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)ကိုလည်း လက်တွဲခေါ်ယူသွားကြရန်၊ ဝါးမှ ချည်မျှင် ထုတ်ယူနိုင်ရေး ဆောင်ရွက်မှုများတွင်လည်း လိုအပ်သည့် နေရာှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်မှာကြားသည်။

ဆက်လက်၍ လေထုညစ်ညမ်းမှုသည် ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ပတ်ဝန်းကျင် ဆိုင်ရာ အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခုဖြစ်သဖြင့် မီးခိုမြူငွေ့နှင့် လေထု ညစ်ညမ်းမှုကို ဖြစ်စေသော Fire Hotspot လျော့ချရေးလုပ်ငန်းအား ဒေသခံပြည်သူများ၊ သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ အလေးထား ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ “နိုင်ငံတော်သာယာဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကြစို့” ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်၏ သယံဇာတများနှင့် ကောင်းမွန်သော သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို လက်ရှိနှင့် အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများ အတွက် အကျိုးအရှိဆုံးဖြစ်အောင် စနစ်တကျ စီမံအုပ်ချုပ် အသုံးချနိုင်မည့် စနစ်များ ချမှတ် ဆောင်ရွက်သွားရန်နှင့် ပထမရက်(၁၀၀)အတွင်း ဦးစားပေး ဆောင်ရွက်မည့် လုပ်ငန်းများ အပြင် မူလရည်မှန်းချက် တာဝန်များအပေါ် ဝန်ထမ်းများအားလုံး အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန်သိသိ သစ္စာရှိရှိဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူ့စွမ်းအား အရင်းအမြစ်ဖြစ်သည့် အသိပညာရှင်၊ အတတ် ပညာရှင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတများနှင့် ပေါင်းစပ်၍ နိုင်ငံတော်နှင့် ပြည်သူလူထု အပေါ်တွင် စိတ်ရင်း စေတနာမှန်ဖြင့် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင်လည်း လုပ်ဖော်ကိုင်ဖက် အချင်းချင်း မိသားစု စိတ်ဓာတ်ထားရှိပြီး တက်ညီလက်ညီဖြင့် ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားခဲ့ ပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video