နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း


Ministry of Information/ Naypyitaw / April 24, 2026
image_latest


နေပြည်တော် ဧပြီ ၂၃

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာန မှူးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားရေးနှင့် ကုသရေးမှ တာဝန်ရှိသူများအား ယနေ့တွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌တွေ့ဆုံ၍ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များ၊ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် ကျန်းမာရေးလုပ်ငန်းများ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်တွင် နိုင်ငံတော်၏ အနာဂတ်ကာလတွင် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍကို အဓိက ဦးစားပေးအနေဖြင့် အခြေခံမှစ၍ တိုးမြှင့်ဆောင်ရွက်သွားမည်ဟု လမ်းညွှန်မှာကြားပါကြောင်း၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအဆင့် မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်သည့်နေရာတွင် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများဖြစ်ရန်၊ လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု Universal Health Coverage (UHC)ရရှိရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

နိုင်ငံတော်နှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးသည် အခြေခံလိုအပ်ချက်ဖြစ်သည့်အတွက် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး နိုင်ငံသားများ၏ မျှော်မှန်းသက်တမ်းတိုးမြှင့်လာစေရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဘက်ပေါင်းစုံမှ စဉ်းစား၍ မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ ရက်(၁၀၀)စီမံချက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ နှလုံးဆေးကုဌာနများတွင် တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ နှလုံးရောဂါအန္တရာယ်အကဲဖြတ်စနစ်နှင့် ဆေးကုသမှုများအား လူဦးရေ ၁၀၀၀၀၀ အတွက် စတင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုံခြုံတည်ငြိမ်အေးချမ်းမှုရှိသော ကျေးရွာတိုင်း၌ ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ရက်(၁၀၀)စီမံချက်တွင် တိုးမြှင့်ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် ၁၄ ခု၌ သူနာပြုသင်တန်းကျောင်း ၁၅ ကျောင်းကို သူနာပြုသိပ္ပံများအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင် လက်ရှိဆောင်ရွက်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ဘွဲ့လွန်ဆေးပညာသင်ကြားရေးနှင့် ပတ်သက်၍ အရည်အသွေးပြည့်မီသော အထူးကုဆရာဝန်များ ဖြစ်စေရန်အတွက် ဘွဲ့လွန်ရရှိရေးသည် အရေးကြီးသကဲ့သို့ ကျင့်ဝတ်နှင့်ကိုက်ညီပြီး နိုင်ငံတော်အပေါ် သစ္စာရှိသော၊ ပြည်သူလူထုအား အလုပ်အကျွေးပြုသော ကျန်းမာရေးဝန်ထမ်းများဖြစ်ရန် အထူးလိုအပ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ သင်ကြားရေးနှင့် ကုသရေးတာဝန်ရှိသူများအနေဖြင့် ဆေးပညာသင်ကြားရေးအပြင် ဆေးကုသမှုလုပ်ငန်းများတွင်ပါ စံပြ(Role Model)အနေဖြင့် နေထိုင်ပြုမူ ကျင့်ကြံဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ (၁/၂၀၂၆) အစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၇ ပညာသင်နှစ်၌ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ် များတွင်ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများအလိုက် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များ၊ တက္ကသိုလ်အလိုက် အများဆုံးလက်ခံသင်ကြားပေးနိုင်မည့် လျာထားဦးရေနှင့် လူတွေ့နှုတ်ဖြေအမှတ်ပေး “မူ” သတ်မှတ်ခြင်းကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးသွားမည်ဖြစ်ပြီး ယနေ့အစည်းအဝေးမှ ထွက်ပေါ်လာသော သဘောတူဆုံးဖြတ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဥက္ကဋ္ဌ၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းတင်ပြဆွေးနွေးပြီး ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (သင်ကြားရေး)က ၂၀၂၇ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်ခေါ်ယူရေးကိစ္စရပ်များ၊ ဝင်ခွင့်ခေါ်ယူမည့် လုပ်ငန်းအစီအစဉ်နှင့် ဘာသာရပ်အလိုက် လျာထားဦးရေသတ်မှတ်ရန်ကိစ္စများကို တင်ပြရာ တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဘွဲ့လွန်ဆေးပညာသင်ကြားရေးအဖွဲ့ဝင်များဖြစ်သော ပါမောက္ခ/ဌာနမှူးများနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးကြသည်။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ဘွဲ့လွန်သင်တန်းများကို ၁၉၆၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ယနေ့အထိ ဒီပလိုမာသင်တန်း ၁၈ ခု၊ မဟာသိပ္ပံသင်တန်း ၆၀ နှင့် ပါရဂူဘွဲ့သင်တန်း ၆၆ ခု စုစုပေါင်း ၁၄၄ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ ဘွဲ့လွန်သင်တန်းများမှ ဒီပလိုမာဘွဲ့ ရရှိသူပေါင်း ၄၀၁၈ ဦး၊ မဟာသိပ္ပံဘွဲ့ရရှိသူပေါင်း ၁၁၇၅၉ ဦးနှင့် ပါရဂူဘွဲ့ ရရှိသူပေါင်း ၁၇၆၃ ဦး စုစုပေါင်း ၁၇၅၄၀ ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Video