နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိခြင်းနှင့် နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို ငြင်းပယ်လျက်ရှိခြင်း


Ministry of Information/ Naypyitaw / July 16, 2025
image_latest


နေပြည်တော် ဇူလိုင် ၁၆

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့် အဖွဲ့ ၂၇ ဖွဲ့ ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မျိုးဆက်သစ်ဝံသာနုပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ပြည်သူ့အင်အားဒီမိုကရေစီပါတီ [People Power For Democracy Party (PPD)၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း၊ လီရှောအမျိုးသားပါတီ၏ လျှောက်ထားချက်အပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၏ စိစစ်ပြန်ကြားချက်များအရ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၆ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိသောကြောင့်လည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးအမှတ်စဉ် (၃၀/၂၀၂၅) ဆုံးဖြတ်ချက်အရ ယင်းပါတီများ၏ ပါတီတည်ထောင်ခွင့်လျှောက်ထားချက်များကို ကော်မရှင်က ယနေ့တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ (ဂ) ဖြင့် ငြင်းပယ်လိုက်ရာ ယနေ့အထိ နိုင်ငံရေးပါတီ ၂၁ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်ကြောင်းနှင့် နိုင်ငံရေးပါတီ ၅ ပါတီကို ငြင်းပယ်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video