နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကို မတွေ့ရှိရသေး


Ministry of Information/ Naypyitaw / December 27, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၆

ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော တုပ်ကွေးရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်တုံဂပူရိဟိုတယ်၌ ကျင်းပပြုလုပ်သည်။

ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါအပါအဝင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ လတ်တလောကမ္ဘာ့မီဒီယာများတွင် ဖော်ပြနေသည့် နိုင်ငံအချို့၌ ကူးစက်မှုမြင့်တက်နေသော တုပ်ကွေးရောဂါပိုး Influenza A H3N2 သည် ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံ၌လည်း ကူးစက်ဖြစ်ပွားနေသော ရောဂါပိုးအမျိုးအစားဖြစ်ပြီး Subclade K ကိုမတွေ့ရှိရသေးကြောင်း၊ သို့ရာတွင် လူထုအတွင်း ရောဂါပိုးကို ကာကွယ်နိုင်မည့် ကိုယ်ခံစွမ်းအား အသင့်အတင့်ရှိနေမည်ဖြစ်ခြင်း၊ လက်ရှိအသုံးပြုနေသည့် တုပ်ကွေးရောဂါကာကွယ်ဆေးများနှင့် ကုသသည့်ဆေးဝါးများဖြင့်လည်း ကာကွယ်ကုသနိုင်ခြင်း တို့ကြောင့် ပြည်သူလူထုအနေဖြင့် အထူးစိုးရိမ်ရန် မလိုအပ်ပါကြောင်း၊ ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာများ ဖြစ်ပွားလာပါက ပြည်သူ့ဆေးရုံများတွင် တုပ်ကွေးရောဂါကုသဆေးများဖြင့် ကုသပေးနိုင်ရေးနှင့် အထူးကြပ်မတ်ကုသပေးနိုင်ရေး အသင့်ပြင်ဆင်ထားရှိပါကြောင်း၊ ပြည်သူလူထုထံ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်သွားရန်အတွက် ပေါင်းစပ်ဆောင်ရွက်သွားရန် ပြောကြားသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တုပ်ကွေးရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းဆောင်ရွက်နေကြသော ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာတာဝန်ခံများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူနှင့် အခြားဖိတ်ကြားထားသော တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၉ ရက် ၊ ဒီဇင်ဘာ ၂၇ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၈ ရက် ၊ ဒီဇင်ဘာ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 26, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက် ၊ ဒီဇင်ဘာ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 25, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Ministry of Information / Posted on December 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊...

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၄၄ မြို့နယ်တွင် ညမထွက်ရအမိန့် ရုပ်သိမ်း

Ministry of Information / Posted on December 26, 2025

​​​​​​​ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၄၄)မြို့နယ် (ကိုကိုးကျွန်းမြို့နယ်မပါ)တွင် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်၍ နံနက်(၁)နာရီမှ နံနက်(၃)နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားခဲ့ရာ ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း နယ်မြေဒေသတည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာပြီဖြစ်ပါသဖြင့် စီးပွားရေး၊...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023