နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဒေသထုတ်ကုန်ဖွံ့ဖြိုးရေးကြိုးပမ်း


Ministry of Information/ Naypyitaw / May 17, 2026
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မေ ၁၅ ရက်က တွေ့ဆုံခဲ့ရာတွင် “မိမိတို့အနေဖြင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်း (Agro-based Industries)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများသည် ကမ္ဘာပေါ်တွင် ရှေးကာလကတည်းက ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး မျက်မှောက်ကာလ အကြီးစားစက်မှုနှင့် အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်တိုင်အောင် MSME လုပ်ငန်းများသည် အားကောင်းမောင်းသန်ရှိနေဆဲဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံကဲ့သို့ နိုင်ငံများသည်ပင် စိုက်ပျိုးရေးထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ အများအပြားတင်ပို့နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် အရည်အသွေးမြင့်မားသော စက်မှုလက်မှုထုတ်ကုန်များကို ပိုမိုကျယ်ပြန့်စွာ ထုတ်လုပ်ကြရမည်ဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် စစ်ကိုင်း၊ မန္တလေး၊ မကွေးနှင့်ပဲခူးတိုင်းဒေသကြီးတို့၌ ချည်ထွက်သီးနှံဖြစ်သည့် ဝါသီးနှံကိုစိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးဝါစိုက်ပျိုးသည့် တိုင်းဒေသကြီးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ ဝါကုန်ကြမ်းများကိုအခြေခံပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ရက်ကန်းလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ဝါမှချည်နှင့် ချည်မှချည်ထည်များကို ထုတ်လုပ်နိုင်သကဲ့သို့ ဝါစေ့ဆီနှင့် ဝါကြိတ်ဖတ်မှ တိရစ္ဆာန်အစားအစာများကို ထုတ်လုပ်ပေးနိုင်သည်။

အလားတူ ထုတ်ကုန်ပစ္စည်းများအနေဖြင့် ဈေးကွက်ရရှိရန်လိုအပ်ပြီး အရည်အသွေးမီသည့် ရောင်းကုန်ပစ္စည်းများ ထုတ်လုပ်ကြရန်လိုအပ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် လုပ်ကိုင်ဆောင်ရွက်နေကြသည့် ဈေးကွက်စီးပွားရေးအသိအမြင်များရှိရန် လိုအပ်သည်။ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ဖြစ်သည့် “ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရမည်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းပိုကောင်းရမည်” ဆိုသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများနှင့်အတူ သမဝါယမစနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်။ သမဝါယမစနစ်သည် စုပေါင်းဆောင်ရွက်သည့် စနစ်ဖြစ်သောကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် အားနည်းသူများ စုပေါင်းဆောင်ရွက်နိုင်သည်။

မန္တလေးတိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအားလုံး အောင်မြင်ဖြစ်ထွန်းသည့် ထူးခြားသည့်တိုင်းဒေသကြီးဖြစ်သည်။ တိုင်းဒေသကြီး၏ GDP အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ကိုးဘီလီယံခန့်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာ၏ ၁၀ ရာခိုင်နှုန်းခန့် ပါဝင်သည်။ မန္တလေး-မြို့သာ စက်မှုဥယျာဉ်တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ချောမွေ့မှန်ကန် လျင်မြန်စွာလုပ်ကိုင်နိုင်ရေး နိုင်ငံတော်ကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ မန္တလေးသံရည်ကျိုလုပ်ငန်းရှင်များစုဖွဲ့၍ ဆောက်လုပ်ရေးသုံးသံပန်းလုံးများကို ငလျင်ဒဏ်ခံနိုင်သော အရည်အသွေးစံချိန်စံညွှန်းများ ပြည့်မီအောင် ထုတ်လုပ်လျက်ရှိသည်။ စက်မှုဇုန်များအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို နိုင်ငံတော်က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ပေးလျက်ရှိသည့်နည်းတူ သမဝါယမစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မတည်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုနှင့် နည်းပညာရရှိရေး၊ မျိုးကောင်းမျိုးသန့်နှင့်မျိုးစေ့ရရှိရေးနှင့် အခြားလိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video