နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်) အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၈၃)နှင့် အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ


Ministry of Information/ Naypyitaw / May 14, 2026
image_latest


နေပြည်တော် မေ ၁၃

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးထွန်းထွန်းဝင်းတို့ သည် မေ ၁၂ ရက်၊ ၁၃ ရက်တို့တွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ အခြေခံပညာ ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၈၃)နှင့် နဝရတ်ခန်းမ၌ အဆင့်မြင့်အရာထမ်းသင်တန်းအမှတ်စဉ်(၂၂)တို့မှ သင်တန်းသား သင်တန်းသူများနှင့် သီးခြားစီတွေ့ဆုံသည်။

တွေ့ဆုံစဉ် ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ကာလအတွင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအရ မိမိတို့၏ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဆောင်ရွက်မည့် စီမံကိန်းများအကောင်အထည်ဖော်ရာတွင် မိမိတို့ပါဝင်ဆောင်ရွက်ရမည့်ကဏ္ဍကို ထဲထဲဝင်ဝင်သိရှိပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ကြိုးစားလုပ်ဆောင်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းသက်တမ်းတစ်လျှောက် တက်ရောက်ရမည့် သင်တန်းများတွင် စဉ်ဆက်မပြတ် ကြိုးစားအားထုတ် သင်ယူလေ့လာသွားကြရန်နှင့် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာ ကျင့်သုံးကြရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပင်မရုံးအစည်းအဝေးခန်းမ၌ တက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ တက္ကသိုလ်၏ စီမံခန့်ခွဲရေး၊ လေ့ကျင့်သင်ကြားရေးနှင့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၄ ရက်၊ မေ ၁၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၃ ရက်၊ မေ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၁၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on May 13, 2026

အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ပေးအပ်ခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 12, 2026

အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video