နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားနှင့် ပုဗ္ဗသီရိမြို့နယ်တို့၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူတို့၏လိုအပ်ချက်ကို လက်ငင်းဖြည့်ဆည်းပေးမှုအဖြစ် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ဆောင်ရွက်ထုတ်ပေး


Ministry of Information/ Naypyitaw / May 05, 2026
image_latest


နေပြည်တော် မေ ၄

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်း၊ ပျဉ်းမနားမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ဌေး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးသို့သွားရောက်၍ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လိုအပ်ချက်ကို လက်ငင်းဖြည့်ဆည်း ဆောင်ရွက်ပေးမှုအဖြစ် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် ဦးစီးမှူးရုံး စုံစမ်းရေးနေရာ၌ ဧည့်ကြိုဝန်ထမ်းထားရှိဆောင်ရွက်မှုကို ကြည့်ရှုပြီး ရုံးဝင်းအတွင်းရှိ ပြည်သူများ နားနေဆောင်၌ နိုင်ငံသားဆိုင်ရာ လုပ်ငန်းများ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဝန်ထမ်းများက သွေးအမျိုးအစား စစ်ဆေးဆောင်ရွက်ပေး နေမှုနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ စီစဉ်မှုဖြင့် နိုင်ငံသားကတ်အတွက် ဓာတ်ပုံရိုက်ကူးနေမှု၊ မြို့နယ်အဆင့် ငါးဦးကော်မတီအဖွဲ့ဝင်များ စိစစ်ဆောင်ရွက်နေမှု၊ ရုံးခန်းအတွင်း ဝန်ထမ်းများက အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားကတ်မရရှိသေးသူများ၊ ပျောက်ဆုံး/ ပျက်စီးသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ လုပ်ငန်းကိစ္စရပ်များ လာရောက်ဆောင်ရွက်မှုများကို လုပ်ထုံးလုပ်နည်းနှင့် စိစစ်ဆောင်ရွက်ပေးနေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ Unique ID တစ်ပါတည်း ဆောင်ရွက်ပေးနေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်သူ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ရုံးအတွင်း စာရွက်စာတမ်းများနှင့် ရုံးသုံးပစ္စည်းများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် မြို့နယ်ရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေးမှတ်တမ်းများ စနစ်တကျ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား စာရွက်စာတမ်းလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး တို့အတွက် ဂရုပြုဆောင်ရွက်ကြရန်မှာကြားပြီး လမင်းစီမံချက်ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားကတ်နှင့် UID တို့ကို ကာယကံရှင်တစ်ဦးချင်းထံပေးအပ်၍ မြို့နယ်ရုံးဝန်ထမ်းများ အတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်သည်။

ထို့နောက် ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးသို့သွားရောက်၍ ပုဗ္ဗသီရိမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေနှင့်အတူ မြို့နယ်ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ထုတ်ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နိုင်ငံသားကတ်ရရှိပြီးသူများအား e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူကာ UID တစ်ပါတည်း ထုတ်ပေးဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆောင်ရွက်ပြီးဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ကာယကံရှင် ပြည်သူတစ်ဦးထံပေးအပ်ပြီး ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ် သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ လမ်းညွှန်ချက်များနှင့်အညီ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) ကာလအတွင်း ပြည်သူများအတွက် လက်ငင်းဦးစားပေးလုပ်ငန်းအဖြစ် အသက် (၁၈) နှစ်ပြည့်ပြီးသော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် နိုင်ငံသားများ၊ အသက် (၁၀) နှစ် ပြည့် ကျောင်းသား ကျောင်းသူများအား ဥပဒေနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းလုပ်ငန်းများကို လမင်းစီမံချက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video