နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည် ကြံ့ခိုင်မှု၊ ဓနသိဒ္ဓိရေပေးဝေရေးစက်ရုံမှ ရေဖြန့်ဝေပေးမည့်အခြေအနေ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 23, 2026
image_latest


နေပြည်တော် ဧပြီ ၂၂

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးဝင်းမိုးခိုင်သည် ကော်မတီဝင် ဦးကျော်ကျော်အောင်၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်ဆည်နှင့် ဇမ္ဗူသီရိမြို့နယ် ဓနသိဒ္ဓိရေပေးဝေရေး စက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင် ရေသန့်စင်စက်ရုံသို့ သွားရောက်ကြည့်ရှုရာ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ဌာနမှူးက ရန်အောင်မြင် ရေသန့်စင်စက်ရုံမှ တစ်ရက်လျှင် ရေဂါလန် ၁ ဒသမ ၂၅ သန်း သန့်စင်ပေးနိုင်သည့် အနှေးနှုန်း ရေသန့်စင်ကန်သုံးခုဖြင့် စုစုပေါင်း ၃ ဒသမ ၇၅သန်း စစ်ထုတ်နေမှု၊ စစ်ထုတ်ပြီးရေများကို ပိတောက်ရေပေးရေးဝင်းနှင့် (၅၃၅) ရေပေးရေးဝင်းတို့သို့ပေးပို့ပြီး သုံးစွဲသူများထံသို့ သောက်သုံးရေပေးဝေနေမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယမြို့တော်ဝန်က ရေအရည်အသွေးကောင်းမွန်စေရေး၊ သန့်စင်ပြီး ရေပမာဏလုံလောက်စွာ ထွက်ရှိရေးတို့ကို ဂရုတစိုက်ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ရန်အောင်မြင်ဆည် ရေယူအဆောက်အအုံ (Intake Tower) သို့ရောက်ရှိပြီး ယာယီတပ်ဆင်ထားသော ပန့်မော်တာခြောက်လုံးကို အလှည့်ကျမောင်းနှင်နိုင်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ရန်၊ မိုးရာသီမတိုင်မီ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ဆင်အုံကန်မှ ရေကူတွန်းပို့မှုလုပ်ငန်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ရန်မှာကြားသည်။

ယင်းနောက် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုရှိခဲ့သော ရန်အောင်မြင်တမံ ပြုပြင်ပြီးစီးမှု အခြေအနေနှင့် ချောင်းမငယ်ဆည်မှရေကို ဆင်အုံကန်မှတစ်ဆင့် တစ်နေ့ရေဂါလန် ခြောက်သန်းရယူပြီး အမြန်နှုန်းရေသန့်စင်စက်ရုံလေးခုဖြင့် စစ်ထုတ်၍ ရပ်ကွက်များသို့ ဖြန့်ဝေမည့်စနစ်တည်ရှိသည့် ဓနသိဒ္ဓိရေစက်ရုံသို့ ရောက်ရှိစစ်ဆေးပြီး ရေအရည်အသွေး ကောင်းမွန်စေရေးအတွက် အမြဲမပြတ်ကြည့်ရှုဆောင်ရွက်ရန်တို့ကို မှာကြားသည်။

ထို့နောက် သုခသိဒ္ဓိရပ်ကွက် အကွက်အမှတ် (၈-က) သို့သွားရောက်၍ စတုရန်းပေ ၆၀၀ ရှိသော လေးခန်းတွဲ၊ လေးထပ် အမှုထမ်းအိမ်ရာများ အသစ်ဆောက်လုပ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဒုတိယမြို့တော်ဝန်ကလုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်အတွင်း အမြန်ပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 20, 2026

လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်

Video