နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


Ministry of Hotel & Tourism/ နေပြည်တော် / April 28, 2026


နေပြည်တော် ဧပြီလ ၂၇

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက် လာစေရေးတို့အတွက် ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ယနေ့ မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်း ရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံပါသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော ဦးလှဆွေ၊ ဦးဝင်းဌေး၊ ဦးခင်မောင်ဌေး၊ အမြဲတမ်း အတွင်းဝန်နှင့် တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (နေပြည်တော်ဇုန်)ဥက္ကဋ္ဌနှင့် ဟိုတယ်လုပ်ငန်းရှင်များ၊ ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များ၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်များ ပိုမို တိုးတက်ဝင်ရောက်လာရေးအတွက် မြန်မာနိုင်ငံအား ကမ္ဘာကသိရှိသော ခရီးစဉ်ဒေသကြီး တစ်ခု ဖြစ်စေရန် ခရီးသွားမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များကို ခရီးသွားဈေးကွက်ဝင် နိုင်ငံများအပြင် ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ကြီးဌာနအား ယဉ်ကျေးမှုကို အခြေခံပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် မြှင့်တင် ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းပေးခဲ့သည့်အတွက် ပုဂ္ဂလိကအသင်းအဖွဲ့များ၊ လုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် ကျရာအခန်းကဏ္ဍမှ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြစေလိုပါကြောင်း၊ နေပြည်တော်တွင် ဘုရားဖူးခရီးသွားလုပ်ငန်း၊ ယဉ်ကျေးမှုအခြေခံခရီးသွားလုပ်ငန်း၊ သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းကဲ့သို့သော မတူကွဲပြားသည့် ခရီးသွား လုပ်ငန်းအမျိုးအစားများကို ဖော်ဆောင်ပြီး ခရီးသွားများကိုဆွဲဆောင်နိုင်ရေး ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ နေပြည်တော်သည် မြန်မာနိုင်ငံ၏ အချက်အချာကျသော မြို့ကြီးဖြစ်သကဲ့သို့ သွားလာရေး လွယ်ကူမှုရှိသည့် ခရီးစဉ် ဒေသကြီးဖြစ်သည့် အတွက် ခရီးသွားလုပ်ငန်းအမျိုးအစားများ ဖော်ဆောင်ရန် အားသာချက်များစွာရှိပါကြောင်း၊ မြန်မာ နိုင်ငံရှိ ခရီးစဉ်ဒေသကြီးများ၏ ပကတိအခြေအနေမှန်များကို ကမ္ဘာကသိအောင် အစိုးရ၊ ပုဂ္ဂလိက၊ ပြည်သူအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း။

ဟိုတယ်များ အနေဖြင့် နိုင်ငံတကာစံနှုန်းများနှင့်အညီ အဆင့်အတန်းမီ ဝန်ဆောင်မှုများ ပေးနိုင်ရေး၊ သန့်ရှင်း သာယာလှပရေး၊ အစိမ်းရောင်ဟိုတယ်များဖြစ်စေရန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ မွေးထုတ်နိုင်အောင် အစဉ်တစိုက် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ ခရီးသွားကုမ္ပဏီများ အနေဖြင့် နေပြည်တော်ရှိ ခရီးစဉ်ဒေသများ၊ ခရီးသွားဆွဲဆောင်ရာနေရာများအား ခရီးစဉ်များတွင် ထည့်သွင်း ရောင်းချသွားကြရန်နှင့် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်း ပြောကြားသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များ၊ တက်ရောက်လာကြသူများက မိမိတို့သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် လုပ်ငန်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များ၊ လိုအပ်ချက်များကို အသီးသီးရှင်းလင်း တင်ပြကြရာ ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး၊ နေပြည်တော် ကောင်စီဝင်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Video