နောင်ချိုမြို့နယ်၌ ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက် ကလေးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပြန်လည်အားဖြည့်ဆောင်ရွက်ပေးလျက်ရှိ


Ministry of Information/ Naypyitaw / September 17, 2025
image_latest


နောင်ချို စက်တင်ဘာ ၁၆

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၅ ခု ပြန်လည်ဖွင့်လှစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့်အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းနှင့် ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည်အားဖြည့်ဆောင်ရွက်ရန်အတွက် Big Catch-up၊ Routine Catch-up နည်းလမ်းများဖြင့် အမီလိုက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက်ကလေးများအား လိုအပ်သောကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities)၊ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများဖြစ်ပွားချိန်တွင် တုံ့ပြန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ (Outbreak Response Immunization) စသည်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိအောင် နည်းလမ်း မျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၈၈ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၃၅၂၆ ဦးအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၃၁၁၃ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့သည်။

ထို့အတူ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း ပြန်လည်အားဖြည့်ဆောင်ရွက်လျက်ရှိပြီး အသက် (၅) နှစ်အောက် ကလေးငယ်များအား ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး၊ ထိုးဆေး) များကိုလည်းကောင်း၊ အသက် (၅) နှစ်မှ (၇) နှစ်အရွယ်ကလေးများအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး၊ ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) များကိုလည်းကောင်း၊ အသက် (၇) နှစ်မှ (၁၅) နှစ်အရွယ် ကလေးများအား မေးခိုင်-ဆုံဆို့ရောဂါကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးများလည်းကောင်း ထိုးနှံတိုက်ကျွေးပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ စက်တင်ဘာ ၁၅ ရက်အထိ ကလေးစုစုပေါင်း ၁၆၄၈၄ ဦးအား လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးနိုင်ခဲ့သည်။

အသက် (၁၅) နှစ်အောက် ကလေးများအား လိုအပ်သော ကာကွယ်ဆေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများကို နောင်ချိုမြိုနယ်အပြင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်နေသာ မြို့နယ်အားလုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

နောင်ချိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က မြနန်းတော်ဝင်မင်္ဂလာခန်းမ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဒေသခံတိုင်းရင်းသားပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးပြီး မြို့နယ်ပြည်သူ့ဆေးရုံကို ဩဂုတ် ၂ ရက်က ပြန်လည်ဖွင့်လှစ်ကာ လူနာများအား လက်ခံကုသပေးခြင်းနှင့် အရေးပေါ်ခွဲစိတ်ကုသပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသားပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး စက်တင်ဘာ ၁၅ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ပြင်ပလူနာ ၃၅၉၅ ဦးနှင့် အတွင်းလူနာ ၄၂၁ ဦးအား လိုအပ်သောကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၁ ရက်၊ စက်တင်ဘာ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ September 17, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ September 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

Ministry of Information / Posted on September 17, 2025

ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့် လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍ အသိပေးကြေညာ

မြန်မာနိုင်ငံပြန်တမ်း

Ministry of Information / Posted on September 17, 2025

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်မျိုးပပထွန်းကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Commissions & Committees / Posted on September 16, 2025

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023