နေ့အပူချိန်မြင့်မားသည့်ကာလ ခရမ်းလွန်ရောင်ခြည်အန္တရာယ်


Ministry of Information/ Naypyitaw / April 03, 2026
image_latest


ခရမ်းလွန်ရောင်ခြည် (Ultraviolet- UV) ဆိုသည်မှာ နေရောင်ခြည်မှလာသော၊ ခရမ်းရောင်အလင်းထက် လှိုင်းအလျားတိုပြီး စွမ်းအင်မြင့်မားသော ရောင်ခြည်တစ်မျိုးဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ကို လူတို့ကမမြင်နိုင်ကြသော်လည်း မိကျောင်းများ၊ ငှက်ငယ်များနှင့် တိရစ္ဆာန်အများစုတို့က မြင်နိုင်ကြသည်ဟုလည်း ဆိုသည်။

ခရမ်းလွန်ရောင်ခြည်သည် A နှင့် B ဟူ၍ နှစ်မျိုးနှစ်စား ရှိရာ Ultraviolet Ageing Rays ခေါ် UVA သည် တစ်နှစ်ပတ်လုံးရှိနေပြီး အရေပြားအတွင်းပိုင်းအထိ ပျံ့နှံ့နိုင်သည်။ Ultraviolet Burning Rays ခေါ် UVB သည် နွေရာသီတွင် ပိုမို၍ပြင်းထန်ပြီး အရေပြားအပေါ်ယံကိုလောင်ကျွမ်းစေသည်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမြင့်မားစွာရှိနေသည့် အချိန်များတွင် ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်မှာ ပိုမိုကျရောက်နိုင်သည်။ ခရမ်းလွန်ရောင်ခြည် လတ်တလောထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင်ညိုမည်းလာခြင်းတို့ဖြစ်စေနိုင်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြားများ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားကင်ဆာဖြစ်ခြင်း စသည့်ဆိုးကျိုးများဖြစ်စေနိုင်သည်။ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို နွေရာသီမှာသာမက မိုးအုံ့သည့်နေ့ရက်များတွင်ပါ သတိပြုကာကွယ်ရန်လိုအပ်သည်ဟုလည်း သိရသည်။

ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ကာကွယ်နိုင်ရန်အတွက် ခရမ်းလွန်ရောင်ခြည် မြင့်မားစွာကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှရှောင်ကြဉ်ကြရမည်ဖြစ်သည်။ အပြင်ထွက်ရန် လိုအပ်ပါက မိမိအသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် မျက်နှာ၊ လည်ပင်းနှင့် ပခုံးတို့ပါ လုံခြုံသောထီး၊ ဦးထုပ်စသည်တို့ ဆောင်းသွားကြရန်လိုသည်။ အဝတ်လွတ်ကင်းနေသည့် လက်၊ လည်ပင်းနှင့် ပခုံးစသည့် နေရာများကို သနပ်ခါးထူထူ သို့မဟုတ် SPF ၁၅+ ပါဝင်သော နေရောင်ခံ လိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်၊ နေရောင်ခံလိမ်းဆေး တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း တစ်ခါထပ်၍ လိမ်းရန်လည်း အကြံပြုထားသည်။

ခရမ်းလွန်ရောင်ခြည်သည် မျက်စိကိုလည်း ထိခိုက်စေနိုင်သဖြင့် ခရမ်းလွန်ရောင်ခြည်ကို ၉၉ ရာခိုင်နှုန်းအထိ အကာအကွယ်ပေးနိုင်သည့် နေကာမျက်မှန်ကို တပ်ဆင်သင့်သည်။ ခရမ်းလွန်ရောင်ခြည် အလွယ်တကူမဖောက်နိုင်သော ချည်သားထူထူပွပွ အဝတ်အထည်များကို ဝတ်ဆင်ကြရန်နှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါရှိသူများ၊ အရက်အလွန်အကျွံသောက်သူများ၊ ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများသည် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ကို ပိုမိုခံစားရနိုင်သဖြင့် အထူးဂရုပြုဆင်ခြင်ရန်လိုအပ်ကြောင်းလည်း သိရသည်။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်အန္တရာယ်၏ ဆိုးကျိုးများကို ပိုမိုထိခိုက်ခံစားရနိုင်သဖြင့် လူကြီးမိဘများသည် အသက်တစ်နှစ်အောက်ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်းမပြုရန်၊ ကလေးငယ်များကို အရိပ်ထဲတွင်သာကစားစေရန်၊ ကလေးငယ်များအပြင်ထွက်ရန် လိုအပ်ပါက ကြိုတင်ကာကွယ်မှုများပြုလုပ်သွားရန်တို့ကို ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက အသိပညာပေးထားသည်။

ခရမ်းလွန်ရောင်ခြည်သည် လူတိုင်းအတွက် အန္တရာယ်ရှိသည် ချည်းသာဖြစ်သော်လည်း အသားဖြူသူ၊ ဆံပင်အရောင် ဖျော့သူ၊ မှဲ့များသူ၊ တင်းတိပ်ရှိသူ၊ နေလောင်လွယ်သည့် အသားအရေရှိသူ၊ ငယ်စဉ်က နေလောင်မှုပြင်းထန်စွာ ခံစားခဲ့ရဖူးသူ၊ အရေပြားကင်ဆာမျိုးရိုးရှိသူတို့မှာ ပိုထိခိုက်စေသည်ဟု ကျန်းမာရေးပညာရှင်များက ဆိုသည်။ ထို့အပြင် အဆောက်အအုံပြင်ပတွင် အလုပ်လုပ်ကြရသူများ၊ နေလောင်ခံရများနိုင်သည့် အခြေအနေမျိုးတွင် ရှိနေသူများ၊ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသထားသူ၊ ကိုယ်ခံအားနည်းစေသည့် ဆေးဝါးများ သောက်သုံးနေရသူ၊ ခရမ်းလွန်ရောင်ခြည်နှင့် မတည့်သည့် ဆေးဝါးများသောက်သုံးနေရသူ၊ ကျောက်မီးသွေး၊ ကတ္တရာ၊ ရေနံ၊ ဓာတ်ဆီစသည့် ဓာတုပစ္စည်းများနှင့် ထိတွေ့နေရသူများ ပိုသတိထားသင့်ကြောင်းလည်း ပညာရှင်များက သတိပေးထားသည်။

နေ့အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများမှာလည်း လွန်ကဲသည့် အခြေအနေသို့ ရောက်ရှိလာပြီး နေရောင်ခြည်ထဲတွင် ကြာမြင့်စွာနေရပါက အန္တရာယ်ဖြစ်စေနိုင်သည်။ မြန်မာနိုင်ငံ ပြည်တွင်းဒေသအသီးသီးတို့တွင် ဖြစ်ပေါ်နေသည့် အပူချိန်များကို မိုးလေဝသနှင့်ဇလဗေဒဌာနက ထုတ်ပြန်လျက်ရှိသကဲ့သို့ အပူချိန်မြင့်မားမှု အန္တရာယ်နှင့် ခရမ်းလွန်ရောင်ခြည်အန္တရာယ် အသိပညာပေးမှုများကိုလည်း မီဒီယာများမှတစ်ဆင့် ဖြန့်ဝေလျက်ရှိရာ မိမိတို့၏ ကျန်းမာရေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် သတိပြုနိုင် ကြပါစေကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Ministry of Electric Power / Posted on March 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Ministry of Transport and Communications / Posted on March 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Video