ပထမအကြိမ် အာဆီယံဒစ်ဂျစ်တယ်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် တက်ရောက်ခြင်း


Ministry of Transport and Communications/ Naypyitaw / January 22, 2021


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဒုတိယဝန်ကြီး၊ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့်အတူ မလေးရှားနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် အွန်လိုင်းဖြင့် ကျင်းပသော ပထမအကြိမ် အာဆီယံဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ခဲ့ပါသည်။

အွန်လိုင်းဖြင့် ပြုလုပ်သော အဆိုပါ အစည်းအဝေးဖွင့်ပွဲအခမ်းအနားသို့ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Tan Sri Dato’ Hj Muhyddin bin Yassin က တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က အာဆီယံနိုင်ငံများအတွင်း ဒစ်ဂျစ်တယ်အီကိုစနစ်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ နည်းပညာဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန် ပြုစုပျိုးထောင်နိုင်ရေး၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အစီအမံများ အားကောင်းလာနိုင်စေရေးနှင့် ဆက်လက်ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များ၊ အထူးကိစ္စရပ်အနေဖြင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အခြားဆက်စပ်ကဏ္ဍများနှင့် ချောမွေ့စွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးအတွက် ပထမအကြိမ် ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ခြင်း ကိစ္စရပ်များအပေါ် အခြား အာဆီယံဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီးများနှင့်အတူ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို မလေးရှားနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် တာဝန်ယူ၍ Online စနစ်ဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး၊ အာဆီယံနိုင်ငံများမှ ဒီဂျစ်တယ် ဆိုင်ရာဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် အာဆီယံ ဒီဂျစ်တယ်ကဏ္ဍဆိုင်ရာ ဆွေးနွေးဘက်နိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန် ပြည်ထောင်စုတို့မှ ဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာကြေးနန်း ဆက်သွယ်ရေး အဖွဲ့ချုပ် (ITU) မှ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံစီးပွားရေးအသိုက်အဝန်းမှ ဒုတိယအထွေ ထွေအတွင်းရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ ပထမအကြိမ် အာဆီယံဒစ်ဂျစ် တယ်ဆိုင်ရာ ဝန်ကြီးများအစည်းအဝေးအား “ASEAN – a Digitally Connected Community” ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီး၊ ဒီဂျစ်တယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများနှင့် ပြောင်းလဲတိုးတက်လာသည့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်များ‌ ဆွေးနွေးဖလှယ်ခြင်း၊ Covid – 19 ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်း work from home ပုံစံဖြင့် ဒီဂျစ်တယ်စီးပွားရေးများကို တိုးမြှင့် ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းအား ဖြည့်ဆည်း​​​ဆောင်ရွက်​ပေးနိုင်မည့် ကိစ္စရပ်များ အ​​ပေါ်​ဆွေး​နွေးခြင်း၊ ဒီဂျစ်တယ် နည်းပညာ၏ ပိုမိုအရေးပါမှုအ​ခြေအ​နေများနှင့် Covid-19 ကမ္ဘာ့ကပ်ရောဂါ အလွန် ကာလများအတွက် အဖွဲ့ဝင်နိုင်ငံများမှ ချမှတ်ဆောင်ရွက်လျက်ရှိသော အစီအစဉ်များကို ဆွေးနွေးခြင်း၊ ဒီဂျစ်တယ် နည်းပညာဆိုင်ရာ အသုံးပြုမှု မြင့်မားလာသည်နှင့်အမျှ ဆိုက်ဘာလုံခြုံရေး ကိစ္စရပ်များ အရေးကြီးလာခြင်းတို့အပေါ် အမြင်များဖလှယ်၍ ဆွေးနွေးခြင်း၊ အာဆီယံဒေသတွင်း ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းမှုဖြင့် ဒီဂျစ်တယ်အသိုက်အဝန်း ဖော်ဆောင်ရေး အတွက် ASEAN Digital Masterplan 2025 – ADM 2025 အား အတည်ပြုထုတ်ပြန်ခြင်း၊ ၂၀၂၁ ခုနှစ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးအတည်ပြု ထုတ်ပြန်ခြင်း၊ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အိန္ဒိယသမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အပြည်ပြည်ဆိုင်ရာ ​ကြေးနန်းဆက်သွယ်ရေးအဖွဲ့ချုပ် (ITU) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဆက်လက် ဆောင်ရွက်မည့်ကိစ္စရပ်များ အပေါ် ဆွေးနွေးအတည်ပြုခြင်း၊ ပူထရာဂျာရာ ကြေညာစာတမ်း (Putrajaya Declaration) ထုတ်ပြန်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၇ ရက် ၊ မေ ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 21, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video