ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန် ရည်ရွယ်၍ နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ
Ministry of Home Affairs/ နေပြည်တော် / December 31, 2025
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ဇော်မင်းသိန်း(ခ)မိုဟာမက်အဗ္ဗူကာဒရ်(၃၅)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Min Thein” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းသိန်း(ခ)မိုဟာမက်အဗ္ဗူကာဒရ် အား ဒီဇင်ဘာ ၂၅ ရက်တွင် ကျောက်တံတားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။
အလားတူ ဒီဇင်ဘာ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ ဆန်းဝင်း(၄၈)နှစ်သည် ၎င်းအသုံးပြုသည့် “Bo Sanwin” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဆန်းဝင်း အား ဒီဇင်ဘာ ၂၆ ရက်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၁၃၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၂ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ငှက်ပျောတော- သပြေကုန်းသွားကားလမ်းအတိုင်း သပြေကုန်းကျေးရွာမှ ငှက်ပျောတောကျေးရွာဘက်သို့ မောင်းနှင် လာသည့် NPW-4/8E-XXXX TOWNACE မော်တော်ယာဉ်ပေါ် စီးနင်းလာသူများက အဆိုပါ လမ်းဘေး၌ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အနီးအရောက်၌ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းကြည်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီအား အများပြည်သူ အထင်အမြင် လွဲမှားစေရန် ညစ်ညမ်းစွာဆဲဆိုသွားကြောင်း သတင်းအရ စုံစမ်းဖော်ထုတ်ခဲ့ရာ ထိုသို့ ဆဲဆိုသွားသူများမှာ ပြည်မြို့နယ်၊ မြို့သစ်ရပ်ကွက်နေ ဦးမြင့်စိုး(၆၀)နှစ်၊ လယ်ဝေးမြို့နယ်၊ ချောင်းကျိုးကျေးရွာနေ ဒေါ်သင်းသင်း(၅၄)နှစ်၊ မြန်အောင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ နိုင်ဇော်မြင့်(၂၂)နှစ်၊ မြန်အောင်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာနေသူများဖြစ်ကြသည့် မျိုးမင်းသူ (၂၀)နှစ်နှင့် မမို့မို့လွင်၊ စမ်းရွာကြီးရွာနေ မစုရတီတို့ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ခြောက်ဦး အား ဒီဇင်ဘာ ၂၃ ရက်တွင် ရွှေကျင်နယ်မြေရဲစခန်း (ပ)၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် (၇)ရပ်ကွက်နေ ဦးမျိုးသူရ(၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Myo Thu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မျိုးသူရ အား ဒီဇင်ဘာ ၂၃ ရက်တွင် တောင်ဥက္ကလာပမြို့မရဲစခန်း (ပ)၄၀၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၅ ရက်တွင် ရှမ်းပြည်နယ်၊ အင်တောမြို့၊ လယ်ခေါင်းကျေးရွာနေ ဒေါ်သန္တာထွန်း(၄၆)နှစ်သည် ၎င်းအသုံးပြုသည့် “moedoor 0 (tiktok. Com/@moedoor0)” TikTok အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားကြောင်း စိစစ်တွေ့ရှိရသဖြင့် သန္တာထွန်း အား ဒီဇင်ဘာ ၂၆ ရက်တွင် အင်တောနယ်မြေရဲစခန်း (ပ)၁၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၅ ရက်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ ဦးမြင့်ကျော် (၅၃)နှစ်သည် ၎င်းအသုံးပြုသည့် “Myint Kyaw” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင် လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြင့်ကျော် အား ဒီဇင်ဘာ ၂၅ ရက်တွင် မင်းဘူးမြို့မရဲစခန်း (ပ)၁၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်း ရပ်ကွက်နေ ဦးကျော်စည်သူ(၅၇)နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Sithu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ကျော်စည်သူ အား ဒီဇင်ဘာ ၂၆ ရက်တွင် အမရပူရမြို့မရဲစခန်း (ပ)၃၈၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်နေ ဒေါ်မြပုန်းညက်ဖြူသည် ၎င်းအသုံးပြုသည့် “Mabel Phyu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြပုန်းညက်ဖြူ အား ဒီဇင်ဘာ ၂၆ ရက်တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့မရဲစခန်း (ပ)၈၇၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ ဒေါ်နန္ဒာဦး(၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Ye” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဒေါ်နန္ဒာဦး အား ဒီဇင်ဘာ ၂၆ ရက်တွင် သောင်ကြီးနယ်မြေရဲစခန်း (ပ)၁၃၅၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ မဲရုံအဖြစ် ပြုလုပ်ထားသည့် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် မင်းဒင်လမ်းအတိုင်း အနောက်မှ အရှေ့သို့ ဆိုက်ကားစီးနင်းလာသည့် သုဝဏ္ဏ(က)ရပ်ကွက်နေ ပိုင်စိုး(ခ)သားပု (၃၆)နှစ်သည် “ဘယ်မဲရုံမှ မဲပေးစရာမလိုဘူး” ဟုပြောဆိုကာ ညစ်ညမ်းစွာဆဲဆိုခဲ့သဖြင့် ပိုင်စိုး(ခ) သားပု အား ဒီဇင်ဘာ ၂၇ ရက်တွင် သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၂၄၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။
ထို့အတူ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်နေ သတိုးအောင်(၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “သတိုးအောင်” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူ အထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် သတိုးအောင် အား ဒီဇင်ဘာ ၂၇ ရက်တွင် ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၃၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Ministry of Information / Posted on January 01, 2026
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Ministry of Information / Posted on January 01, 2026
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on December 31, 2025
