ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သရေစည်သူ ဘဒ္ဒန္တဝိမလဗုဒ္ဓိ ပါဠိဆရာတော်ကြီး၏  အန္တိမဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / April 13, 2026
image_latest


နေပြည်တော် ဧပြီ ၁၂

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက်ဦးစီးပဓာနနာယက ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ပါဠိဆရာတော်ကြီး ဘဒ္ဒန္တဝိမလဗုဒ္ဓိ သက်တော် (၇၉) နှစ်၊ သိက္ခာတော် (၅၉) ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၈ ရက်၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၉ ရက် (ကြာသပတေးနေ့)၊ မွန်းလွဲ ၁ နာရီ ၁၉ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး အန္တိမဈာပန သာဓုကီဠနပူဇာသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ မစိုးရိမ်ဆရာတော်ကြီး အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒါယကာ၊ ဒါယိကာမများ၊ ရဟန်းသံဃာများနှင့် သာသနာ့နွယ်ဝင်သီလရှင်များ၊ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မိတ္ထီလာမြို့ သာသနဝေပုလ္လကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကောဝိဒ ဆရာတော်ကြီးထံမှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတနှင့် အခမ်းအနားတက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် အခမ်းအနားမှူးက ပါဠိဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိအကျဉ်းကို ဖတ်ကြားပူဇော်သည်။

ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂတရားဖြစ်ပွားတော်မူကြောင်း မှတ်တမ်းသဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ကိုယ်စား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ မစိုးရိမ်ဆရာတော်ကြီးက ဖတ်ကြားပူဇော်သည်။

ဆက်လက်၍ နေပြည်တော်တိုင်း သံဃနာယကအဖွဲ့မှပေးပို့သည့် သံဝေဂတရား ဖြစ်ပွားတော်မူကြောင်း မှတ်တမ်းသဝဏ်လွှာကို နေပြည်တော်တိုင်း သံဃနာယကအဖွဲ့အကျိုးဆောင်၊ မဟာဂန္ထဝါစက ပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရက ဖတ်ကြားပူဇော်ပြီး သာသနာရေးဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ဖတ်ကြားပူဇော်သည်။

ဓမ္မသံဝေဂဂါထာဖတ်ကြားပူဇော်

ထို့နောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ပျဉ်းမနားမြို့၊ မဟာဓမ္မိကာရာမ အုန်းတောပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိဿ က ဓမ္မသံဝေဂဂါထာကို ဖတ်ကြားပူဇော်ပြီး အနုပညာဦးစီးဌာနက သိင်္ဂါသံဖြင့် သီကျူးပူဇော်သည်။

ဓမ္မသံဝေဂကထာ တရားနာကြား

ယင်းနောက် ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများက မစိုးရိမ်ဆရာတော်ကြီးအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မစိုးရိမ်ဆရာတော်ကြီးထံမှ ဓမ္မသံဝေဂကထာ တရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ဆက်လက်၍ ပါဠိတိုက်အုပ်ဆရာတော် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇဝနတိက္ခက အပြစ်ရှိက ခွင့်လွှတ်တော်မူပါရန် နောက်ဆုံးတောင်းပန်ကန်တော့လွှာကို ဒုတိယသမ္မတနှင့် တက်ရောက်လာကြသူများကို တိုင်ကြားပေး၍ ပါဠိဆရာတော်ကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။

တောင်းပန်လျှောက်ထား

ထို့နောက် အခမ်းအနားမှူးက ပါဠိဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစနနိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ကရဝိက်ယာဉ်ပေါ်သို့ ပင့်ဆောင်ရန်အတွက် ဆရာတော်ကြီး၏ပုံတော်နှင့် ရုပ်ကလာပ်တော်အား တပ်မတော်မှအဆင့်မြင့်အရာရှိကြီးများနှင့် ပြည်ထောင်စုဝန်ကြီးများက သတ်မှတ်နေရာအသီးသီးမှ ကရဝိက်ယာဉ်တော်ပေါ်အထိ ပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ဥပ္ပါတသန္တိစေတီတော် တပေါင်းပွဲတော်ကွင်းသို့ ပင့်ဆောင်ကြသည်။

ခြံရံပို့ဆောင်

ထိုသို့ ပင့်ဆောင်ရာတွင် ဆရာတော်ကြီး၏ ပုံတော်နှင့်ရုပ်ကလာပ်တော်ကို တင်ဆောင်ထားသည့် ကရဝိက်ယာဉ်တော်အား ဆရာတော်ကြီးများ၏ ယာဉ်များ၊ ဒေဝါဝင်း၊ ရာဇာဝင်းအဖွဲ့ယာဉ်များ၊ ကရဝိက်ယာဉ်တော်၏ရှေ့တွင် သာသနာ့အလံကိုင် ဥပါသကာများနှင့် ကြေးစည်ကိုင်ဥပါသကာများ၊ သံဃာတော်များ၊ ဆွေတော်မျိုးတော်များ၊ ဝတ်အသင်းအဖွဲ့များနှင့် တပည့်ဒါယကာ၊ ဒါယိကာမများလိုက်ပါ၍ ကရဝိက်ယာဉ်တော်၏ ဝဲ၊ ယာတွင်လည်း ဒါယကာ ဒါယိကာမများ၊ ဒေသခံပြည်သူများက ပင့်ဆောင်ပူဇော်ကြသည်။ ပင့်ဆောင်ရာလမ်းကြောင်း တစ်လျှောက်တွင် သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ပြည်သူလူထုအပေါင်းတို့က လိုက်ပါခြံရံ၍ ပို့ဆောင်တော်မူကြသည်။

ယင်းနောက် အန္တိမဈာပနပူဇာသဘင် ဆင်ယင်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ အခမ်းအနားမှူးက ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူပါမည့်အကြောင်း အဘိယာ စနနိ မန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်တော်ပေါ်မှ လောင်တိုက်ပေါ်သို့ တပည့်သံဃာတော် ၁၂ ပါးတို့က စတင်ပင့်ဆောင်ကြပြီး ဆွေတော်မျိုးတော်များနှင့် ဈာပနကျင်းပရေး ကော်မတီဝင်များက မင်္ဂလာပန်းရထားပေါ်သို့ ပင့်ဆောင်ကြသည်။

ဖူးမြော်ကြည်ညို

ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် တတိယမဟာနာယက၊ ဓမ္မာဓိပတိကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဣန္ဒကာလင်္ကာရာဘိဝံသက နောက်ဆုံးတောင်းပန်ကန်တော့လွှာကို ဒုတိယသမ္မတနှင့် ပရိသတ်များအားတိုင်ကြားပေး၍ နောက်ဆုံးတောင်းပန်ကန်တော့ကာ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကြသည်။

တေဇောဓာတ်ဖြင့်ပူဇော်

ထို့နောက် သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ အနိစ္စာဝတသင်္ခါရာအစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပွားများပြီး သာဓုသုံးကြိမ် ခေါ်ဆိုကြပြီးနောက် တပည့်သံဃာတော်များက ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပနတေဇောဓာတ်ဖြင့် ပူဇော်ကြသည်။

နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဦးစီးပဓာနနာယက ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ပါဠိဆရာတော်ကြီး၏ သရီရဓာတု ပဝါဟနပူဇာဓာတ်ပြာတော်များ ရေမျှော ပူဇော်ခြင်းအခမ်းအနားကို ပေါင်းလောင်းမြစ်ဆိပ်၌ ဧပြီ ၁၃ ရက် (တနင်္လာနေ့) နံနက် ၆ နာရီခွဲတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video