ပုဂံဘုရား၊ စေတီများရှိ နံရံဆေးရေးပန်းချီများအား သုတေသနပြု လေ့လာခြင်းဖြင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်


Ministry of Information/ Naypyitaw / May 04, 2026
image_latest


ရန်ကုန် မေ ၃

အေဒီ ၁၁ ရာစု ပုဂံမင်းများ လက်ထက်၌ စည်ကားဖွံ့ဖြိုးခဲ့သည့် ပုဂံဒေသတွင် ဘုရား၊ စေတီ၊ ပုထိုးများနှင့် ဂူများအတွင်း နံရံဆေးရေးပန်းချီများကို ရေးဆွဲခဲ့ကြရာ အဆိုပါနံရံဆေးရေးပန်းချီများနှင့် ရှေးဟောင်းလက်ရာများကို တက္ကသိုလ်ကျောင်းသား ကျောင်းသူများ လက်တွေ့‌လေ့လာ သုတေသနပြုနိုင်ခြင်းသည် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ခြင်းဖြစ်ပြီး နိုင်ငံအတွက်လည်း ဂုဏ်ယူဖွယ်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲမှ သိရသည်။

ပုဂံ ဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့

ပုဂံခေတ်နံရံဆေးရေးပန်းချီများကို မြင်းကပါ ဂူပြောက်ကြီးဘုရား၊ စူဠာမဏိစေတီ၊ အပယ်ရတနာ၊ လောကထိပ်ပန်၊ သမ္ဘူလဘုရား၊ ဝက်ကြီးအင်းဂူပြောက်၊ အာနန္ဒာအုတ်ကျောင်း၊ စိတ္တဂုတ်ဂူ၊ ရွှေရန်ပြေစေတီ၊ ရန်ဝင်း (တောင်တံခါး)၊ ဆားလယ်ရွာ၊ နန္ဒာမင်းရံအပါအဝင် ပုဂံဘုရား ၄၁၆ ဆူ၌ နံရံဆေးရေးပန်းချီများကို ပုဂံမင်းများလက်ထက်က ရေးဆွဲခဲ့သည်။

ထိုသို့ နံရံဆေးရေးပန်းချီများကို ရေးဆွဲခြင်းသည် ဘာသာသာသနာပြန့်ပွားစေရေးနှင့် ကုသိုလ်ရရှိရန် ရည်စူး၍ နှစ်ကျိတ်ရှစ်ဆူ၊ ၅၅၀ နိပါတ်တော်၊ ဗုဒ္ဓဝင်ရှစ်ခန်းအပါအဝင် ဗုဒ္ဓသမိုင်းတို့ကို ဘုရား၊ စေတီ၊

ဂူများ၏ နံရံနှင့် မျက်နှာကြက်တို့တွင် အကြားအလပ်မရှိ ရေးဆွဲခဲ့သည်။ ထိုသို့ ရေးဆွဲရာတွင် အုတ်နံရံပေါ်၌ ရေရှည်ခံနိုင်မည့်ဆေးကို တီထွင်အသုံးပြုခဲ့ကြပြီး ယနေ့ခေတ်တွင် အုတ်နံရံအပေါ်ပိုင်းဆေးများ ပျက်သွားသော်လည်း အောက်ခံဆေးများကို ယနေ့တိုင်တွေ့မြင်ရမှုအပေါ် ဖော်စပ်အသုံးပြုခဲ့သည့် နည်းစနစ်ကို သုတေသနပညာရှင်များက အသိအမှတ်ပြု ချီးကျူးလျက်ရှိသည်။

“ ပုဂံဒေသမှာ နံရံဆေးရေးပန်းချီတွေရှိတဲ့ စေတီ၊ ပုထိုးတွေကို ပြည်တွင်း၊ ပြည်ပခရီးသွားတွေအပြင် တက္ကသိုလ်ကျောင်းသားတွေနဲ့ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူတွေ ဒီဇင်ဘာလဆိုရင် အများဆုံးလာရောက်လေ့လာလေ့ရှိပါတယ်။ လက်တွေ့ကွင်းဆင်းခြင်းနဲ့ သုတေသနစာတမ်းအတွက် လာကြတာများပါတယ်။ အထူးသဖြင့် ကျောင်းသားတွေက ပုဂံခေတ်ဦးနဲ့ခေတ်နှောင်းမှာ ရေးဆွဲခဲ့တဲ့ ဆေးရောင်တွေမတူတာ၊ ရေးဆွဲတဲ့ဆေးကို ဘယ်လိုရကြသလဲ၊ စုတ်တံကို ဘယ်လိုသုံးလဲ၊ နံရံဆေးရေးပန်းချီရေးဆွဲ တဲ့စေတီတွေမှာ ရေးဆွဲတဲ့လက်ရာတွေ‌ ပြောင်းလဲသွားတာ ဘာကြောင့်လဲစသဖြင့် မေးမြန်းကြတာများတယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေက နံရံဆေးရေးပန်းချီရေးဆွဲထားတဲ့ စေတီ၊ ပုထိုးရဲ့ သမိုင်းကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။ ဒါကြောင့် သမိုင်းကြောင်းကို ကျွမ်းကျင်တဲ့ စကားပြန်တွေ အထူးလိုအပ်ပါတယ်။ ဘယ်နိုင်ငံမှာမှမရှိတဲ့ မြန်မာနိုင်ငံက ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရဲ့ သတင်းစကားကို နိုင်ငံခြားသားတွေမှတစ်ဆင့် ပြန်လည်မျှဝေကြသလို ကိုယ့်နိုင်ငံက ကျောင်းသား ကျောင်းသူတွေ လေ့လာသုတေသနပြုနိုင်တာဟာ ရှေးဟောင်းရိုးရာယဉ်ကျေးမှုအမွေအနှစ်တွေကို လက်ဆင့်ကမ်းထိန်းသိမ်းတာဖြစ်တဲ့အတွက် နိုင်ငံအတွက်လည်း ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါတယ်”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနပုဂံရုံးခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၁၄ ခုနှစ်တွင် မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ စသည့်ပျူမြို့ဟောင်းသုံးခုအား ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တမ္ပဒီပဟုခေါ်ဆိုသည့် ပုဂံစေတီ၊ ပုထိုးများအား မြန်မာနိုင်ငံ၏ ဒုတိယမြောက် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ နှစ်ပေါင်း ၁၀၀၀ ကျော် တည်ရှိခဲ့သည့် ပုဂံဒေသမှ ဘုရား၊ စေတီ၊ ပုထိုးများနှင့် နံရံဆေးရေးပန်းချီများသည် မြန်မာတို့၏ တန်ဖိုးဖြတ်၍မရသော ယဉ်ကျေးမှုမြင့်မားသည့် အမွေအနှစ်များဖြစ်ကြောင်း သိရသည်။

သတင်း - ဥဿ၊ ဓာတ်ပုံ - ကိုလွင်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 03, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video