ပူတာအိုမြို့နယ်၌ သဲကျောက်လမ်းခင်းခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / January 20, 2026
image_latest


ပူတာအို ဇန်နဝါရီ ၁၈

       ကချင်ပြည်နယ် ပူတာအိုခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကျေးရွာချင်းဆက်လမ်းများ သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းပြီးစီးမှုများကို တာဝန်ရှိသူများက ဇန်နဝါရီ ၁၆ ရက်တွင် ကွင်းဆင်းစစ်ဆေးသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင် လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်း စစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ် ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၈၂၁ ဒသမ ၀၃၆ သန်းဖြင့် ဆောင်ရွက်သည့် ပူတာအိုမြို့နယ် ပမ္မတီးကျေးရွာနှင့် ဂျေဂျီဒီ ကျေးရွာချင်းဆက်သွယ်ထားသော လမ်းအရှည် နှစ်မိုင်အား မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

       ဆက်လက်၍ ဦးစိုးထွန်းနှင့် အဖွဲ့ဝင်များသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၄၆ဝ ဒသမ ၄၃၈ သန်းဖြင့် ပူတာအိုမြို့နယ် နမ်ရှယ်ရှီးဒီ ကျေးရွာနှင့် နမ်ရှယ်စွပ်ကျေးရွာ ချင်းဆက်သွယ်လမ်းအရှည်(၁) မိုင်(၁) ဖာလုံအား သဲကျောက်လမ်းခင်းခြင်းလုပ်ငန်း၊ JSJ ကုမ္ပဏီက သဲကျောက်လမ်း ခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးသည်။

ခရိုင်(ပြန်/ဆက်)

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Ministry of Information / Posted on January 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023