ပဲခူးခရိုင်အတွင်း ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / December 23, 2025
image_latest


ပဲခူး ဒီဇင်ဘာ ၁၉  

     သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းကျော်မျိုးသည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ကျော်လူနှင့်အတူ ဒီဇင်ဘာ ၁၇ ရက်က ပဲခူးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့်ကဝမြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတားများ အဆင့်မြှင့်တင် ဆောင်ရွက်နေမှု လုပ်ငန်းများအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

     ဦးစွာ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ် - ပြည်ထောင်စုအထွေထွေပိုလျှံ (GRF) ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွှေတန် - ပြဟန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် အပိုင်း- ခုံတိုင်း - ကျိုက်ဒေယုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဝေါမြို့နယ်ရှိ ဘုရားပျို့ -ကမာဘကန် - ကတွတ် - ညောင်ကိုင်းလမ်း ကတ္တရာခင်းခြင်းလုပ်ငန်း၊ သနပ်ပင်မြို့နယ်ရှိ မကြက်စု - လောင်မီးလမ်း ဂဝံရောမြေခင်းခြင်း လုပ်ငန်းနှင့် ကဝမြို့နယ်ရှိ မုဒု-ရာဟုလမ်း ဂဝံရောမြေခင်းခြင်း လုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

သက်ထက်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ December 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Ministry of Information / Posted on December 20, 2025

၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023