ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၌ ကုန်စုံဆိုင် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / January 12, 2026


     ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် နံနက် ၂ နာရီ ၂၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့၊ အမှတ်(၂)ရပ်ကွက်၌ ပိုင်ရှင် ဦးချစ်စိန်(၄၆)နှစ်၏ ၃၀ x ၂၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် “ဦးဂနီ” ကုန်စုံဆိုင်အတွင်း ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ နိုင်လွန်ကြိုးနှင့်ဗလာစာအုပ်များအား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၊ ပဲခူးခရိုင် မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

     အဆိုပါမီးလောင်မှုကြောင့် ၃၀ x ၂၅ ပေ၊ သွပ်မိုး၊ အုတ်ညှပ် နှစ်ထပ် ကုန်စုံဆိုင် တစ်ဆိုင်၊ ၂၀ x ၂၅ ပေ၊ သွပ်မိုး၊ RC နှစ်ထပ် ကုန်စုံဆိုင်၏ အပေါ်ထပ်အမိုး၊ ကြမ်းခင်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ချစ်စိန် အား ဘုရားကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video