ပျော်ဘွယ်မြို့နယ် ပေါအိုင်ရိုးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ (၁၂) ကြိမ်မြောက် ပြန်လည်ထုတ်ချေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 22, 2025
image_latest


ပျော်ဘွယ် မတ် ၂၂

မန္တလေးတိုင်းဒေသကြီး ၊ ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာဖြစ်သည့် ပေါအိုင်ရိုးကျေးရွာအတွက် လည်ပတ်ရန်ပုံငွေ (၁၂) ကြိမ်မြောက်ပြန်လည်ထုတ်ချေးခြင်း အခမ်းအနားကို ယနေ့နံနက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထုတ်ချေးပေးရာတွင် ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ကျေးလက်နေပြည်သူများ၏ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန်နှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ထုတ်ချေးပေးခြင်း ဖြစ်ကြောင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် လုပ်ငန်းအဖွဲ့ဝင်များအား ရန်ပုံငွေများ စနစ်တစ်ကျ လွှဲပြောင်းပေးအပ်ကြပါသည်။

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း (၁၂)ကြိမ်မြောက်အဖြစ် ပျော်ဘွယ်မြို့နယ်၊ ပေါအိုင်ရိုးကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ လေးဦးအတွက် ငွေကျပ် ၂၃ ဒသမ ၅ သိန်း၊ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ၁၁၇ ဦးအတွက် ငွေကျပ် ၅၄၅ ဒသမ ၅ သိန်း၊  အရောင်းအဝယ်လုပ်လုပ်ငန်းကိုင်သူ ခုနစ်ဦးအတွက် ငွေကျပ် ၄၂ သိန်း၊ ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးအတွက် ခုနစ်သိန်း၊ စုစုပေါင်း အသင်းသား ၁၂၉ ဦးအတွက် အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၆၁၈ သိန်းကို ကျေးရွာမြစိမ်းရောင်လုပ်ငန်းအဖွဲ့ဝင်များက နေ့ချင်းပြီး ထုတ်ချေးဆောင်ရွက်ပေးခဲ့ကြောင်း ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်စန်းဦးက ပြောပြ၍ သိရသည်

သူသူ

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023