ပျော်ဘွယ်မြို့နယ် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ပျော်ဘွယ်မြို့နယ် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / October 29, 2025
ပျော်ဘွယ်မြို့နယ် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှု စစ်ဆေး
ပျော်ဘွယ် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု(မူလ)ရန်ပုံငွေဖြင့် ဖက်တောကျေးရွာ၌ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မီးလင်းရေး၊ဝယ်ဖြန့်) ဦးမောင်ဝင်း၊ ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း၊ ပျော်ဘွယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ဟိန်းနှင့် တာဝန်ရှိသူများက ကျေးရွာစိုက်ပျိုးရေရရှိရေးကော်မတီဝင်များနှင့်အတူ ဖက်တောကျေးရွာ၌ စက်ရေတွင်း၊ (3.54 KW ) (590W) ၆ ချပ်၊ 2HP Pump တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(မီးလင်းရေး၊ဝယ်ဖြန့်) ဦးမောင်ဝင်းက လုပ်ငန်းများရေရှည်လည်ပတ်အသုံးပြုနိုင်ရေး စနစ်တကြထိန်းသိမ်းအသုံးပြုကြရန်နှင့် လယ်ယာထွက်ကုန်သီးနှံများ နှစ်သီးစားစိုက်ပျိုးဆောင်ရွက်ကြရန်လမ်းညွှန် မှာကြားခဲ့သည်။
ဖက်တောကျေးရွာ၌ အဆိုပါ ဆိုလာစနစ်သုံးရေရရှိရေးလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု(မူလ)ရန်ပုံငွေ ၁၉ ဒသမ ၃၄ ကျပ်သန်း အသုံးပြုပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍ ဇူလိုင်လ ၂၇ ရက်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းထံမှ သိရသည်၊၊
ဇင်မာ
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Announcement
တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on October 29, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
Ministry of Information / Posted on October 28, 2025
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း