ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကျင်းပ


Ministry of Hotel & Tourism/ နေပြည်တော် / February 02, 2026


နေပြည်တော် ဇန်နဝါရီ ၃၁

မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွား မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် - ၂၀၂၆ ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ ခရိုင်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှူး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဟိုတယ်နှင့် ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင် ကျေးလက်ဒေသစက်ဘီးစီးခရီး စဉ်-၂၀၂၆ တွင် ပါဝင်စီးနင်းကြမည့် စက်ဘီးစီးအားကစားသမားများနှင့် စက်ဘီးစီးဝါသနာရှင် များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်အနေဖြင့် အားကစားကဏ္ဍ မြင့်မားရေးနှင့် လူငယ်များဗလငါးတန်ပြည့်ဝနေစေရေး အလေးထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပြင်ဦးလွင် စက်ဘီးစီးပွဲတော်ကဲ့သို့ အစီအစဉ်များကို ဆောင်ရွက်ပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သည် ခရီးသွားဆွဲဆောင်ရာနေရာ များ၊ ခရီးစဉ်ဒေသများ၊ ရာသီအလိုက် ပြုလုပ်သည့်ပွဲတော်များ၊ ခရီးသွားအရင်းအမြစ်များစွာ ရှိသည့်အတွက် ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက်လည်ပတ်ကြရန် ဆွဲဆောင်နိုင်သည့် အခွင့်အလမ်းကောင်းများစွာကို ပိုင်ဆိုင်ထားရှိပါကြောင်း၊ ပြင်ဦးလွင်မြို့တွင် စိုက်ပျိုးရေးအခြေခံ ခရီး သွားလုပ်ငန်း၊ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၊ လူထုအခြေပြုခရီးသွားလုပ်ငန်း၊ ကျေးလက်ဒေသခရီးသွားလုပ်ငန်းနှင့် အခြားဆက်စပ်ခရီးသွားလုပ်ငန်း အမျိုးအစားများကို အကောင်အထည် ဖော်နိုင်ပါကြောင်း၊ ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်မြှင့်တင်သွားကြရန် လိုအပ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သို့ လာရောက်သည့် ခရီးသွားဧည့်သည်များ ရက်ရှည်နေထိုင် နိုင်အောင် ဆွဲဆောင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီး စက်ဘီးစီး အားကစားသမားများအား သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပွဲကောက်ရေတံခွန် အပန်းဖြေစခန်းသို့ ပန်းဝင်ရောက်ရှိလာသည့် စက်ဘီးစီး အားကစားသမား များကို ကြိုဆို၍ အမှတ်တရလည်ဆွဲ တံဆိပ်များပေးအပ်ချီးမြှင့်ပြီး ပြင်ဦးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် - ၂၀၂၆ တွင် ပူးပေါင်း ပါဝင်ဆောင်ရွက်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြင်ဦးလွင် ရုံးခွဲသို့ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများ အောင်မြင်စွာ အကောင်ထည်ဖော် နိုင်ရေး ကျွမ်းကျင်မှု၊ ဗဟုသုတနှင့်နည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် ဆွေးနွေးမှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံပိုင်ဟိုတယ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်းအဆောက် အအုံများဖြစ်သည့်အတွက် ဟိုတယ်အဆောက်အအုံ၊ အခန်းများကို ပြုပြင်မွမ်းမံရာတွင် ရှေးမူမပျက် အထူးဂရုပြု ပြင်ဆင်ထိန်းသိမ်းရန်၊ ဧည့်သည်များအား ဝန်ဆောင်မှုကောင်းများ ပေးရန်၊ ပြင်ဦးလွင်မြို့အား ခရီးသွားမြို့တော်၊ အားကစားမြို့တော်၊ ပန်းမြို့တော်၊ ကျန်းမာရေး မြို့တော်၊ ကော်ဖီမြို့တော်ဖြစ်စေရေးအတွက် အကောင်အထည် ဖော်သည့်လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်ကြရန်၊ ပြင်ဦးလွင် မြို့သို့ခရီးသွားဧည့်သည်များ ပိုမိုလာရောက်လည်ပတ် ကြစေရန် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Source From: MyanmarAlin

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 01, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Ministry of Information / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023