ပြည်တွင်းရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများအား သိုလှောင်ဖြန့်ဖြူးရောင်းချနေသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူ


Ministry of Information/ Naypyitaw / February 06, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၅

နိုင်ငံတော်အစိုးရက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် လိုအပ်သည့် အမိန့်ညွှန်ကြားချက်များထုတ်ပြန်ခြင်း၊ နေ့စဉ်ဓာတ်သတ္တု(ရွှေ)ရည်ညွှန်း ဈေးနှုန်းများ သတ်မှတ်ထုတ်ပြန်ခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ ထို့အပြင် ထုတ်ပြန်ထားသည့် ဓာတ်သတ္တု(ရွှေ) ရည်ညွှန်း သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်း/ ဝယ်ခြင်းများ ပြုလုပ်ဆောင်ရွက်ကြရန်ကိုလည်း ရွှေလုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါသည်။

သို့ရာတွင် အချို့သော ရွှေလုပ်ငန်းရှင်များအနေဖြင့် နိုင်ငံ တော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအား အနှောင့်အယှက်ဖြစ်စေရန်အတွက် ဝိသမလောဘဖြင့် ပြည်တွင်း ရွှေဈေးကွက်အတွင်း ရွှေ‌ဈေးနှုန်း မြင့်တက်စေရန်နှင့် ရွှေဈေးနှုန်းမတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်တို့ဖြင့် ဓာတ်သတ္တု (ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက နေ့စဉ်သတ်မှတ် ထုတ်ပြန်ထားသော ရွှေရည်ညွှန်း ဈေးထက်ကျော်လွန်သည့် ဈေးနှုန်းများဖြင့် ရွှေတုံးရွှေခဲများအား ဝယ်ယူ၍ တရားမဝင်သိုလှောင် ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသဖြင့် စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့် (သိန်းသန်း စိန်ရွှေရတနာဆိုင်)၊ ဒုတိယဥက္ကဋ္ဌ (၁) ဦးမျိုးသူဝင်း (အကယ်ဒမီ ရွှေဆိုင်)နှင့် အတွင်းရေးမှူး ဦးနေမျိုးထက် (ရွှေစင်အကယ်ဒမီရွှေဆိုင်)တို့ သုံးဦးသည်ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ကြပ်မတ် ထိန်းသိမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများ ဖြစ်လျက်နှင့် ၎င်းတို့ကိုယ်တိုင်က ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်၍ ပြင်ပရွှေပေါက်ဈေးနှုန်းဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/ သိုလှောင်ခြင်း၊ အရောင်းအဝယ်ပြုလုပ်ခြင်း များဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရပါသည်။

ဦးမျိုးမြင့်အနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အလေးချိန် စုစုပေါင်း ၇၀ ကျပ်သားရှိ အခေါက်ရွှေတုံး ရှစ်တုံးကို ပြင်ပပေါက်ဈေးဖြင့်ဝယ်ယူခဲ့ပြီး အမြတ်တင် ပြန်လည်ရောင်းချရန် သိုလှောင် ထားရှိခဲ့ကြောင်း၊ ထို့အတူ ဦးမျိုးသူဝင်းအနေဖြင့် ၎င်း၏ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၉၇၀ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၉၅၀ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း၊ အလားတူ ဦးနေမျိုးထက်အနေဖြင့် ၎င်း၏ ရွှေဆိုင်များ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အခေါက်ရွှေ ၃၁၉ ကျပ်သားအား ပြင်ပပေါက်ဈေးနှုန်းဖြင့် ဝယ်ယူ၍ ရွှေ ၂၆၈ ကျပ်သားအား အမြတ်ရယူကာ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

ဦးမျိုးမြင့်၊ ဦးမျိုးသူဝင်းနှင့် ဦးနေမျိုးထက်တို့ သုံးဦးသည် ရွှေဈေးကွက် မတည်မငြိမ်ဖြစ်စေ ရန် ရည်ရွယ်ချက်ဖြင့် ရွှေတုံးရွှေခဲများကို ဝယ်ယူ/သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ပြန်လည်ရောင်းချခဲ့ခြင်းများမှာ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာပါ တားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်ရာရောက်သဖြင့် ၎င်းတို့သုံးဦးအပေါ် တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

ထို့အပြင် ရွှေလုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းရွှေဈေးကွက် တည်ငြိမ်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်သွားကြရန်၊ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များအား တိကျစွာလိုက်နာဆောင်ရွက်သွားကြရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိသည့် ရွှေလုပ်ငန်းရှင်များကို ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 05, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 02, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on February 04, 2026

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023