ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ်ပန်းအင်္ဂတေလက်ရာများ လာရောက်ကြည့်ရှုလေ့လာနိုင် အငယ်တန်းစာရေးရာထူး(၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း-
ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ ရှေးခေတ်ပန်းအင်္ဂတေလက်ရာများ လာရောက်ကြည့်ရှုလေ့လာနိုင်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 30, 2024
မင်းဘူး အောက်တိုဘာ ၂၉
စကုမြို့ အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်း၏ မပျက်မယွင်းတည်ရှိနေသော ရှေးခေတ်အုတ်အင်္ဂတေနှင့် ပြုလုပ်ထားသော ပန်းအင်္ဂတေဗိသုကာလက်ရာများမှာ လွန်စွာပြောင်မြောက်လှသောကြောင့် ပြည်တွင်း၊ ပြည်ပခရီးသွားများအနေဖြင့် လာရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။
အသင်္ခယာကျောင်း (ခေါ်) ပထမတိုက်အုတ်ကျောင်းသည် မကွေးတိုင်းဒေသကြီး စကုမြို့ မင်းဘူး-စကုကားလမ်းဘေးရှိ သုံးထပ်ရုပ်စုံကျောင်းဝင်းအတွင်းတည်ရှိပြီး အသင်္ခယာမြို့စားမင်းက ဆောက်လုပ်လှူဒါန်းခဲ့သောကြောင့် အသင်္ခယာကျောင်းဟူ၍လည်းကောင်း၊ ပထမကျော်ဆရာတော် သီတင်းသုံးတော်မူခဲ့သောကြောင့် ပထမတိုက်အုတ်ကျောင်းဟူ၍လည်းကောင်း ခေါ်ကြသည်။
အဆိုပါအုတ်ကျောင်းကြီးသည် အလျား ၇၇ ပေခွဲ၊ အနံ ၅၅ ပေနှင့် အမြင့် ၆ ပေ ၈ လက်မရှိ၍ အတွင်းဘက် လိုဏ်ခေါင်းပတ်လမ်းအကျယ် ၃ ပေ ၈ လက်မ ရှိသည်။
ယခုအခါ ကျောင်းကြီးအား ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ စကုမြို့ အသင်္ခယာကျောင်း၏ အင်္ဂတေဖြင့် ပြုလုပ်ထားသော ခြူးပန်း၊ ခြူးနွယ်၊ ခြူးခက်များမှာ ထူးကဲစွာ လက်ရာပြောင်မြောက်လှသောကြောင့် အခြားအထင်ကရနေရာများဖြစ်သော ထေရ်ကြီးစေတီ၊ ဘိုးနန်းသူစေတီ၊ မှန်ကင်းရုပ်စုံကျောင်း၊ သုံးထပ်ရုပ်စုံကျောင်း၊ ကန်ဦးဘုန်းတော်ကြီးကျောင်းများနည်းတူ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည်များ လေ့လာလည်ပတ်စရာ နေရာတစ်ခုအဖြစ် တည်ရှိနေကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)
သတင်းစာများ
၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လကွယ်နေ့၊ အောက်တိုဘာ ၃၁ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 31, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၃ ရက်၊ အောက်တိုဘာ ၃၀ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 30, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Download၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁၂ ရက်၊ အောက်တိုဘာ ၂၉ ရက်၊ အင်္ဂါနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ October 29, 2024
ထုတ်ဝေသည့်နေ့ : 2024
စာမျက်နှာ: 32
ဘာသာစကား: မြန်မာ
Downloadအငယ်တန်းစာရေးရာထူး(၃)နေရာအတွက် ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း-
အခွန်အယူခံခုံအဖွဲ့/ နေပြည်တော် / October 08, 2024
အခွန်အယူခံခုံအဖွဲ့ရုံးတွင် လစ်လပ်လျက်ရှိသော အငယ်တန်းစာရေး(၃)နေရာအတွက် (၂၂-၁၀-၂၀၂၄) ရက်နေ့တွင် ကျင်းပပြုလုပ်မည့်ရေးဖြေစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူများ၏ အမည်နှင့် ခုံအမှတ်စာရင်း ကြေညာခြင်း-