ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင် မီးလောင်မှု
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်ရှိ ဆိုင်ကယ်ပြင်ဆိုင် မီးလောင်မှု
Ministry of Home Affairs/ နေပြည်တော် / January 01, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၊ နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ (၃)လမ်း၊ ဗိုလ်တောက်ထိန်လမ်းနှင့် ဗိုလ်လက်ယာလမ်းကြားရှိ ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင် နှစ်ထပ်နေအိမ် အောက်ထပ်ရှိ ဦးချစ်ကိုကို(၃၆)နှစ်၏ ဆိုင်ကယ်ပြင်ဆိုင်တွင် ကွန်ပရက်ဆာမော်တာ အသုံးပြုသည့် ပလတ်ခုံအပူလွန်ကဲရာမှ အနီးရှိ ဆိုင်ကယ်အဟောင်းများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပျဉ်မနားမြို့နယ်မီးသတ်စခန်း၊ ရွာကောက်နယ်မြေမီးသတ်စခန်း၊ ဘောဂဝတီနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ရှစ်စီးဖြင့် မီးငြှိမ်းသတ် ခဲ့ရာ နံနက် ၁ နာရီ ၅၇ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင် နှစ်ထပ်နေအိမ် တစ်လုံး၊ ၃၀ x ၄၀ ပေ၊ သွပ်မိုး၊ ပျဉ်ထောင် နှစ်ထပ်နေအိမ် တစ်လုံးနှင့် ဆိုင်ကယ်အဟောင်း လေးစီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးချစ်ကိုကို အား ပျဉ်မနားမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်နေ့ ၊ ဇန်နဝါရီ ၂ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 01, 2026
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၃၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 31, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေပြဋ္ဌာန်း
Ministry of Information / Posted on January 01, 2026

သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on December 31, 2025