ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့် သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ လုယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများအား ဥတ္တရခရိုင်တရားရုံးမှ ပြစ်မှု ထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ်အမိန့်များ ချမှတ်


Ministry of Home Affairs/ နေပြည်တော် / January 31, 2026


     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ အမျိုးသမီး တစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ကာ ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများအား လု ယက်ယူဆောင်ခဲ့မှုမှ ပြစ်မှုကျူးလွန်သူများနှင့် သက်သေခံပစ္စည်းများ ဖျောက်ဖျက်ရာတွင် ပါဝင်ကျူးလွန်သူများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ဥတ္တရခရိုင်တ ရားရုံးမှ ပြစ်မှုထင်ရှားသဖြင့် ထိရောက်ပြစ်ဒဏ်အမိန့်များ ချမှတ်ခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၃၀ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းအုပ်စု၊ မောင်းရမ်းကျေးရွာနေ မအိအိငြိမ်း(၂၃)နှစ်သည် ၎င်း ၏နေအိမ်မှ ယောက္ခမဖြစ်သူ နေအိမ်သို့ တစ်ဦးတည်း ဆိုင်ကယ်ဖြင့် ထွက်ခွာသွားခဲ့ရာ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဇလောင်းအုပ်စု၊ ငန်းစပ်ကျေးရွာ၊ V 4 လမ်း၊ ရွှေနံ့ သာသားသတ်ရုံ၊ မျက်စောင်းထိုးကားလမ်း အရှေ့ဘက်ခြမ်း ချုံတော အတွင်း၌ ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိရပြီး ၎င်းမောင်းနှင်သွားသည့် ဆိုင်ကယ်နှင့် ရွှေထည်ပစ္စည်းများ ပျောက်ဆုံးမှုဖြစ်ပွားခဲ့သဖြင့် တောင်ညိုနယ်မြေရဲစခန်း (ပ)အမှတ် ၄၆/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့်ကာ ပြစ် မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

     ထို့သို့ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်ခဲ့သူများသည် ဇမ္ဗူသီရိမြို့နယ်တွင် ဆောက်လုပ်ရေးလုပ်ငန်း လာရောက်လုပ်ကိုင်သူများဖြစ်ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ရာ ကဝမြို့နယ်၊ အင်းမော်ကျေးရွာနေ သိန်းဇော်(ခ)ကိုသိန်း(၄၃)နှစ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၇)ရပ်ကွက်နေ သောင်းဝင်းအောင်(ခ)ချစ်ဖူး(၂၃)နှစ်၊ ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာနေ အောင်ကိုဦး(ခ)ဘယ်ကြီး(၂၇)နှစ်နှင့် ကဝမြို့နယ်၊ ဝါးတောကျေးရွာနေ နန်းရွှေစင် (ခ)ကုလားမ(၄၁)နှစ်တို့အား ဖြစ်စဉ်တွင် ပျောက်ဆုံးနေသည့် CANDA 110 ဆိုင်ကယ် တစ်စီးနှင့်အတူ စက်တင်ဘာ ၁ ရက် ညပိုင်းတွင် ဇမ္ဇူသီရိမြို့နယ်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှ ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းပါဝင်ခဲ့သည့် ဒေးဒရဲမြို့၊ အမှတ်(၂)ရပ်ကွက်နေ အောင်ဇော်(ခ)ကိုဇော်(၄၄)နှစ်အား စက်တင်ဘာ ၂ ရက် ညပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ စိုက်ခင်း(၃)ကျေးရွာ၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

     ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ သိန်းဇော်(ခ)ကိုသိန်းနှင့် သောင်းဝင်းအောင်(ခ) ချစ်ဖူးတို့သည် အခင်းဖြစ်နေ့က အရက်သေစာသောက်စားနေစဉ် မအိအိငြိမ်း မောင်းနှင်လာသည့် ဆိုင်ကယ်အား တွေ့ရှိ၍ တားဆီးကာ အဓမ္မဝိုင်းဝန်းပြုကျင့်စဉ် မအိအိငြိမ်းမှ ရုန်းကန်ထွက်ပြေး၍ သစ်သားတုတ်ဖြင့် လည်ပင်းနှင့် ဦးခေါင်းတို့အား ရှစ်ချက်ခန့် ရိုက်နှက်ခဲ့ရာ သေဆုံးသွားခဲ့သဖြင့် မအိအိငြိမ်းထံမှ ရွှေလက်စွပ် တစ်ကွင်း၊ ရွှေနားကပ် တစ်ရံနှင့် ဆိုင်ကယ်တို့အား ယူဆောင်ခဲ့ကြောင်းနှင့် အောင်ကိုဦး(ခ)ဘယ်ကြီး၊ နန်းရွှေစင်(ခ)ကုလားမနှင့် အောင်ဇော်(ခ)ကိုဇော်တို့မှ လုယက်ယူဆောင်ခဲ့သည့် ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်တို့အား ရောင်းချဖျောက်ဖျက်ရာတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ ငါးဦးကို တောင်ညိုနယ်မြေရဲစခန်းမှ ဥတ္တရခရိုင်တရားရုံးသို့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ ၃၇၆/၃၇၇/၃၉၄/၃၁၆ အရ တရားစွဲတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၄၁/၂၀၂၅ ဖြင့် လက်ခံစစ်ဆေးခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် ပြစ်မှုထင်ရှားသဖြင့် မအိအိငြိမ်းအား အဓမ္မ ပြုကျင့်ကာ တုတ်နှင့်ရိုက်သတ်၍ နားကပ်၊ လက်စွပ်နှင့် ဆိုင်ကယ်တို့ကို လုယက်ယူဆောင်သွားသူ တရားခံ သိန်းဇော်(ခ)ကိုသိန်းနှင့် သောင်းဝင်းအောင်(ခ)ချစ်ဖူးတို့အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) (ဂ) အရ မသေမချင်း လည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန်(သေဒဏ်)၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ အရ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် နှစ် ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ အရ ထောင်ဒဏ် နှစ် ၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၁၆ အရ ထောင် ဒဏ် ၁၀ နှစ်စီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအား သီးခြားစီ ကျခံစေရန်ဟု လည်းကောင်း၊ ရွှေထည်ပစ္စည်းများနှင့် ဆိုင်ကယ်အား ရောင်းချဖျောက်ဖျက်ရာ တွင် ပါဝင်ကျူးလွန်ခဲ့ကြသည့် တရားခံ အောင်ကိုဦး(ခ)ဘယ်ကြီး၊ နန်းရွှေစင်(ခ) ကုလားမ၊ အောင်ဇော်(ခ)ကိုဇော်တို့အား ရာဇသတ်ကြီးပုဒ်မ ၄၁၄ အရ ထောင်ဒဏ် သုံးနှစ်၊ ရာဇသတ်ကြီး ပုဒ်မ ၂၀၂ အရ ထောင်ဒဏ် ခြောက်လစီ အသီးသီးကျခံစေရန်နှင့် ပြစ်ဒဏ်များအား သီးခြားစီကျခံစေရန်ဟု လည်းကောင်း အသီးသီး အမိန့်ချ မှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 31, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အကြောင်းအမျိုးမျိုးကြောင့် ဌာနမှကင်းကွာနေသည့်ဝန်ထမ်းများအား ပြစ်မှုကျူးလွန်ခြင်းမရှိပါက အမည်မည်းစာရင်း (Black Lists)မှ ဖြေလျှော့ပေးလျက်ရှိ

Ministry of Information / Posted on January 31, 2026

၁။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်ပြုချက်မရရှိဘဲ လုပ်ငန်းခွင်ကို စွန့်ခွာသွားကြသည့်အတွက် သက်ဆိုင်ရာဌာနများ၏ အမည်မည်းစာရင်း (Black Lists)တွင် ပါဝင်နေ၍ စိုးရိမ်ပူပန်စိတ်ဖြင့် အခြားနေရာများသို့ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။

Notification 26/2026

Ministry of Information / Posted on January 31, 2026

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023