ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်များအဆင့်ဆင့်ဝင်ရောက်တိုက်မိပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး ခြောက်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / June 08, 2026


      ၂၀၂၆ ခုနှစ်၊ ဇွန် ၆ ရက်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်များ  အဆင့်ဆင့် ဝင်ရောက်တိုက်မိပြီး အမျိုးသား နှစ်ဦး၊ အမျိုးသမီး ခြောက်ဦးနှင့် ကလေးငယ် တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၆ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၂၁ မိုင် ၇ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပန်းတင်အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီးမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးမှ နေပြည်တော်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ချိုင့်ကြီးကျေးရွာနေ စိုးမိုးကျော်(၂၇)နှစ် မောင်းနှင်လာသည့် MDY-15/6P-XXXX YUTONG EXPRESS ခရီးသည်တင် မော်တော်ယာဉ်သည် မိုးရွာသွန်းပြီးစတွင် အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် အခင်းဖြစ်နေရာ အရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ GUARD RAIL တန်း ၁၅ ခန်းအား ဝင်တိုက်မိပြီး လမ်းပေါ်တွင် ကန့်လန့်ဖြတ်ရပ်တန့်သွားခဲ့သဖြင့် လားရာတူနောက်မှ အောင်မြေသာဇံမြို့နယ်နေ ဇော်ထက်(၃၉)နှစ် မောင်းနှင်သည့် YGN-6/3G-XXXX TOYOTA ALPHARD မော်တော်ယာဉ်၊ ပဲခူးတိုင်း ဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်နေ ဝင်းသူအောင်(၃၄)နှစ် မောင်းနှင်သည့် YGN-8/6L-XXXX TOYOTA HARRIER မော်တော်ယာဉ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နေ ဝေယံဦး(၂၇)နှစ် မောင်းနှင်သည့် MGY-21/7N-XXXX ISUZU CANTER မော်တော်ယာဉ်တို့မှ ရပ်တန့် စောင့်ဆိုင်းနေစဉ် လားရာတူနောက်မှ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ မင်းစုရပ်ကွက်နေ ဉာဏ်ဝင်းပိုင်(၃၀)နှစ် မောင်းနှင်သည့် YGN-12/5K-XXXX YUTONG EXPRESS ခရီးသည်တင် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ TOYOTA ALPHARD မော်တော်ယာဉ်၊ TOYOTA HARRIER မော်တော်ယာဉ်နှင့် ISUZU CANTER မော်တော်ယာဉ်တို့အား အဆင့်ဆင့် ဝင်ရောက်တိုက်မိ ရပ်တန့် သွားခဲ့ကြောင်း။
     မော်တော်ယာဉ်များမှာ အသီးသီး ဝင်ရောက်တိုက်မိရပ်တန့်သွားစဉ် လားရာတူနောက်မှ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်နေ အောင်ထွန်းဦး(၄၁)နှစ် မောင်းနှင်သော MDY-12/6M-XXXX YUTONG EXPRESS ခရီးသည်တင်မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ထပ်မံ၍ ISUZU CANTER မော်တော်ယာဉ်၊ YUTONG EXPRESS ခရီးသည်တင်မော်တော်ယာဉ်နှင့် TOYOTA HARRIER မော်တော်ယာဉ်တို့အား အသီးသီး ထပ်ဆင့်၍ ဝင်တိုက်မိခဲ့ကြောင်း။
     ယာဉ်များအဆင့်ဆင့် ဝင်ရောက်တိုက်မိမှုကြောင့် MDY-12/6M-XXXX YUTONG EXPRESS ခရီးသည်တင်မော်တော်ယာဉ်ပေါ်မှ ယာဉ်မောင်း ဦးအောင်ထွန်းဦး(၄၁)နှစ်၊ ခရီးသည် ဦးအံ့ဇော်လင်း (၅၀)နှစ်၊ ဒေါ်နွဲ့နွဲ့ရီ(၆၀)နှစ်၊ ဒေါ်အိကေဇင်ဝင်း(၃၂)နှစ်၊ ဒေါ်ဇင်မာထွန်း(၃၁)နှစ်၊ ဒေါ်ပူစူး(၅၃)နှစ်၊ မရွှန်းအိဝေ(၂၆)နှစ်နှင့် မောင်ဝေဖြိုးအောင်(၉)နှစ်၊ YGN-12/5K-XXXX YUTONG EXPRESS ခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ ခရီးသည် ဒေါ်ခင်သန်းလှ(၅၁)နှစ် တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့သောကြောင့် မော်တော်ယာဉ်အား မဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ စိုးမိုးကျော်၊ ဉာဏ်ဝင်းပိုင်နှင့် အောင်ထွန်းဦးတို့ သုံးဦးအား ပန်းတင်အမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video