ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း (၃/၂၀၂၅) ကြိမ် ညှိနှိုင်းအစည်းအဝေးတက်ရောက်


Ministry of Information/ Naypyitaw / July 02, 2025
image_latest


နေပြည်တော် ဇူလိုင် ၁

မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများ အသင်းအဖွဲ့ (၃/၂၀၂၅) ကြိမ် ညှိနှိုင်းအစည်းအဝေးကို စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်များ၊ ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးမစတင်မီလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ပြည်ထောင်စုနယ်မြေနေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုရှိ မြို့နယ် ၅၄ ခုတွင် ထိခိုက်ပျက်စီးခဲ့သည့် ပြည်သူများ၏နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဖြစ်သည့် ဘိလပ်မြေအိတ် ၅ ဒသမ ၃၄၄ သန်း ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ဆွေးနွေးရာ မြန်မာနိုင်ငံ ဘိလပ်မြေထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌက သုံးစွဲသူပြည်သူများ သယ်ယူစရိတ်သက်သာစေရေးအတွက် ဒေသအတွင်းရှိ ဘိလပ်မြေစက်ရုံများကို တာဝန်ပေးအပ်၍ ထုတ်လုပ်ဖြန့်ဖြူးပေးသွားနိုင်ရေး ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဘိလပ်မြေများကို ပြည်သူများ လွယ်လင့်တကူ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ဈေးရောင်းပွဲတော်ကျင်းပ၍ ရောင်းချဖြန့်ဖြူးပေးခဲ့ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ရှစ်ခုမှ ဘိလပ်မြေများ လိုအပ်ချိန်တွင် ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ကူညီဆောင်ရွက်ပေး

ထို့နောက် မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်း ညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ထိခိုက်ပျက်စီးခဲ့သည့်စက်ရုံ၊ အလုပ်ရုံများ အမြန်ဆုံးလည်ပတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှုပြုခဲ့၍ စက်ရုံ၊ အလုပ်ရုံများ၏ ထိခိုက်ပျက်စီးခဲ့မှုအခြေအနေကို သိရှိနိုင်ရန်နှင့် လိုအပ်ချက်များကို ထိရောက်စွာ ဖြည့်ဆည်းပေးနိုင်ရေးအတွက် စက်ရုံများသို့ ကွင်းဆင်းသွားရောက်၍ စက်အရန် ပစ္စည်းများ အချိန်မီရရှိရေး၊ ကုန်ကြမ်းသွင်းအားစုများရရှိရေး စသည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများ အသင်းနှင့် ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများအနေဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်စဉ်တွေ့ကြုံရသည့်အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။

ဝိုင်းဝန်းဆွေးနွေး

ဆက်လက်၍ မြန်မာနိုင်ငံဘိလပ်မြေထုတ်လုပ်သူများအသင်းဥက္ကဋ္ဌက ဘိလပ်မြေစက်ရုံများ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့်အခက်အခဲများကို ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့မှု အခြေအနေတို့ကိုလည်းကောင်း၊ ဘိလပ်မြေစက်ရုံများမှ တာဝန်ရှိသူများက စက်ရုံအလိုက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်မှု၊ ဖြန့်ဖြူးရောင်းချမှု၊ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆောင်ရွက်စဉ် တွေ့ကြုံရသည့် အခက်အခဲများကိုလည်ကောင်း၊ ဘိလပ်မြေထုတ်လုပ်သူများအသင်းတွင်ပါဝင်သည့် ဝန်ကြီးဌာန ကိုယ်စားလှယ်များက စက်ရုံအလိုက် လိုအပ်ချက်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနေမှု အခြေအနေကိုလည်းကောင်း၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်က ဘိလပ်မြေထုတ်လုပ်သည့် နည်းပညာများ လွှဲပြောင်းရရှိရေးအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို လည်းကောင်း၊ တက်ရောက်လာသူများက ဘိလပ်မြေများ အရည်အသွေးပြည့်မီစွာ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့်အခြေအနေတို့ကိုလည်းကောင်း ဝိုင်းဝန်းဆွေးနွေးကြပြီး စက်ရုံများမှ တင်ပြသည့် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေး၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၆ ရက် ၊ ဇွန် ၃၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

Ministry of Information / Posted on July 02, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး ခန့်ထားခြင်း

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

Ministry of Information / Posted on July 02, 2025

၁။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်၊ ဦးဥတ္တမလမ်း၊ အမှတ် (၄၉) တွင် ပါတီရုံးချုပ်တည်ရှိသော ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party) က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၅ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် ၂၄-၆-၂၀၂၅ ရက်နေ့တွင် လျှောက်ထားလာပါသည်။ ယင်းသို့ လျှောက်ထားရာတွင် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း...

အမည်မည်းစာရင်းကြေညာခြင်း

Ministry of Information / Posted on July 02, 2025

အမည်မည်းစာရင်းကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023