ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မြစ်ကြီးနားမြို့၌ Polytechnic ကျောင်း ဖွင့်လှစ်နိုင်ရေး ပြည်နယ်အစိုးရအဖွဲ့ရုံး၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


Ministry of Information/ Naypyitaw / November 16, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၅

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယမန်နေ့က ကွန်ပျူတာတက္ကသိုလ် (မြစ်ကြီးနား) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)တို့သို့ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းရှိ သင်ကြားရေး ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံကာ ဆရာ ဆရာမများအနေဖြင့် ပြည်နယ်အတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းကိစ္စများအပါအဝင် ကျောင်းသား ကျောင်းသူများအား ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများတွင် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဗလငါးတန်နှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)သို့ ရောက်ရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်မည့် Polytechnic University (မြစ်ကြီးနား) ကို အောင်မြင်စွာ အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်နယ်အစိုးရက တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း အရည်အချင်းပြည့်ဝသည့် ကျောင်းသား ကျောင်းသူများ မွေးထုတ်နိုင်ရေးအတွက် စနစ်တကျ သင်ကြား ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားကာ ဆရာ ဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ယနေ့မွန်းလွဲပိုင်း တွင် မြစ်ကြီးနားမြို့၌ Polytechnic ကျောင်းဖွင့်လှစ် ရေးနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ မြစ်ကြီးနားမြို့ရှိ တက္ကသိုလ်၊ ကျောင်းများမှ တာဝန်ရှိသူများ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနအောက်ရှိ တက္ကသိုလ်၊ ကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ မြစ်ကြီးနားမြို့အတွက် ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုမည့် လုပ်ငန်းခွင်နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် တက္ကသိုလ်ဝင်တန်းမအောင်မြင်သူများ တက်ရောက်နိုင်သည့် Level 4 သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 16, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ November 15, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ November 14, 2025

Publication Date: 2025

Page: 32 pages

Language: မြန်မာ

Download

Announcement

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Ministry of Cooperatives and Rural Development / Posted on November 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023