ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း အတွေ့အကြုံ မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ဝကျွန်းပေါ်ဒေသတွင် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း အတွေ့အကြုံ မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / November 24, 2025
နေပြည်တော် နိုဝင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနအနေဖြင့် “မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာတိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း”ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှစတင်၍ စီမံကိန်းကာလ (၂) နှစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ယင်းစီမံကိန်းလုပ်ငန်းများရဲ့ အကျိုးသက် ရောက်မှု၊ ထိရောက်ကောင်းမွန်မှု၊ တွေ့ကြုံရတဲ့ အခက်အခဲများနဲ့ အားသာချက်၊ အားနည်းချက်များ ကို သုံးသပ်ဖော်ထုတ်ပြီး ပိုမိုပြည့်စုံကောင်းမွန်တဲ့ စီမံကိန်းဒီဇိုင်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ အသိပညာမျှဝေဖလှယ်ခြင်း အလုပ်ရုံနွေးပွဲအား နေပြည်တော် M-Gallery Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စတာ ကျန်းကျုန်းဟွာ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှုပူးပေါင်း ညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ဒုတိယဥက္ကဌ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ စီမံကိန်းကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြစ်ဝကျွန်းပေါ်ဒေသ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု လျှော့ချရေးဆိုင်ရာ စံပြကျေးရွာ တိုးချဲ့ဆောင်ရွက်ခြင်းစီမံကိန်း လုပ်ငန်းဆောင်ရွက်ခဲ့မှု မှတ်တမ်း တင် Video Clip အား ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက နိုင်ငံတော်အစိုးရအနေဖြင့် ကျေးလက် ဒေသများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား၊ မြို့ပြနှင့်ကျေးလက်ဒေသများ အကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာစေရေးတို့အတွက် မူဝါဒ၊ ရည်မှန်းချက်များ၊ မဟာ ဗျူဟာများ ရေးဆွဲချမှတ်ပြီး ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးရေးအစီအစဉ်များကို မြန်ဆန်သွက်လက်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနဲ့ ပြည်ထောင်စု ရန်ပုံငွေ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များရဲ့ ရန်ပုံငွေများအပြင် နိုင်ငံတကာ အလှူရှင်များ၊ မိတ်ဖက်နိုင်ငံများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများရဲ့ အကူအညီအထောက်အပံ့ များကိုရယူပြီး မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ထိရောက်အကျိုးရှိအောင် ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခုစီမံကိန်းသည် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းဖြစ်ပြီး ပတ်ဝန်းကျင်ကျေးရွာများ အထိပါ အကျိုးကျေးဇူးရရှိစေသည့် စီမံကိန်းဖြစ်ပါကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စီမံကိန်း လုပ်ငန်းများရဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်ကောင်းမွန်မှု၊ တွေ့ကြုံရတဲ့ အခက်အခဲများနဲ့ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ဖော်ထုတ်ပြီး ပိုမိုပြည့်စုံကောင်းမွန်တဲ့ စီမံကိန်း ဒီဇိုင်းများ ပေါ်ပေါက်လာစေရန် အတွေ့အကြုံမျှဝေခြင်း၊ သုံးသပ်ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်နိုင် မည်ဖြစ်ပြီး အနာဂါတ်လုပ်ငန်းစဉ်များအတွက် အကျိုးကျေးဇူးများစွာ ရရှိစေမှာဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းပူးပေါင်းညှိနှိုင်းရေးအဖွဲ့ (မြန်မာ) ၏ ဒုတိယဥက္ကဋ္ဌက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ပထမအတွင်းဝန် မစ္စတာကျန်းကျုန်းဟွာနှင့် ညွှန်ကြားရေးမှူး ချူပ်များသည် ကျေးလက်ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများအား လှည့်လည်ကြည့်ရှု့အားပေးခဲ့သည်။
ဆက်လက်၍ အလုပ်ရုံဆွေနွေးပွဲ ဒုတိယပိုင်းအား ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြား ရေးမှူးချူပ်များ၊ ပြည်နယ်/တိုင်းဒေသကြီး ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဦးစီးဌာနများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ စီမံကိန်းဝန်ထမ်းများ၊ စီမံကိန်းကျေးရွာသူ/သားများမှ Panel Session များ၊ Group Discussion တို့ဖြင့် စီမံကိန်းအတွေ့အကြုံ မျှဝေဖလှယ်ခြင်း အလုပ်ရုံဆွေနွေးပွဲကို ဆက်လက် ကျင်းပခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျက် တပ်ကုန်းမြို့သို့ သွား ရောက်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီး ပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီးသူများ၏ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင် ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အေးချမ်းသာစံပြကျေးရွာသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးခဲ့သော ကျေးရွာတွင်းလမ်း အရှည် (၁.၇) ဖာလုံအပိုင်း(၁) ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ကျေးရွာတွင်းလမ်း အရှည် (၃.၅) ဖာလုံအပိုင်း(၂) ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြား ခဲ့သည်။
ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံကာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစု ဝင်ငွေတိုးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးရေးတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဆောင်ရွက်ပြီးဖွံ့ဖြိုးရေးလုပ်ငန်း များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများသာမက ကျေးရွာသူကျေးရွာ သားများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွင် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၊ သမဝါယမကောလိပ်များ၊ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများ ရှိပြီး နိုင်ငံတော်အစိုးရက နေစရိတ်၊ စားစရိတ်၊ ဝတ်စုံစရိတ်၊ စာရေးကိရိယာစရိတ်များ ထောက်ပံ့ပေးထားသဖြင့် စိတ်ပါဝင်စားသူများ တက်ရောက် နိုင်ပါကြောင်းဖြင့် တိုက်တွန်းပြောကြားပြီး ကျေးရွာသူကျေးရွာသားများ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာရှိ လင်းရောင်ခြည် လယ်ယာစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းမှ အသင်းသား တောင်သူများ၏ လယ်မြေ (၂၀၃) ဧကတွင် စိုက်ပျိုးခဲ့သော RAKA-၆၆၆ အထွက်ကောင်း ချည်မျှင်ရှည်ဝါမျိုးများ ခူးဆွတ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် တပ်ကုန်းမြို့၊ လှ ချည်မျှင်ထုတ်လုပ်ရေးသမဝါယမ အသင်း၏ “လှ” ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ရုံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြည်ပသွင်းကုန် အစားထိုး ချည်မျှင်များကို ထုတ်လုပ်ပြီး ပြည်တွင်းရက်ကန်းရှင်များ သုံးစွဲမည့်ပမာဏပြည့်မီအောင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေ ရေး ရည်ရွယ်၍ ယခုစက်ရုံအား ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ဝါစိုက်ပျိုးနေကြသည့် သမဝါယမ အသင်းသား တောင်သူများအနေဖြင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ် (၄) မျိုးနှင့်အညီ စိုက်ပျိုးကြစေလိုကြောင်း၊ ဝါသီးနှံကဲ့သို့ပင် အခြားသော စိုက်ပျိုးသီးနှံများအတွက်လည်း ရန်ပုံငွေများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့ကြောင့် သမဝါယမအသင်းသား တောင်သူများက ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထား ကာ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။
ထို့နောက် သမဝါယမအသင်းဥက္ကဋ္ဌနှင့် စက်ရုံတာဝန်ခံတို့က စက်ရုံဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်နှင့် စက်ရုံဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံဖွင့်ပွဲအထိမ်းအမှတ် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပြီး ဝါကြိတ်စက်ရုံနှင့် စက်ရက်ကန်းရုံအတွင်း လိုက်လံ လှည့်လည် ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
