ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အထည်ချုပ်စက်ရုံများ လည်ပတ်ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု
Ministry of Information/ Naypyitaw / November 25, 2025
ရန်ကုန် နိုဝင်ဘာ ၂၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာဌာနများမှ တာဝန်ခံအရာထမ်းများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ Myanmar Dihuali Garment Co.,Ltd၊Myanmar Fortress Wealth Garment Co.,Ltd၊ Myanmar Dixinda Garment Co.,Ltd နှင့် Myanmar Hua Da Garment Co.,Ltd အထည်ချုပ်စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုနှင့် ရွေ့လျားဆေးကုသယာဉ်(MMU)ဖြင့် ဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများနှင့်တွေ့ဆုံပြီး လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေးနှင့် ကုန်ထုတ်စွမ်းအားတိုးတက်စေရေးအတွက် အလုပ်သမားရေးရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စက်ရုံအလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီများသည် အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်ခြင်းဖြင့် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကိုမြှင့်တင်ပေးနိုင်သောကြောင့် အလုပ်ရှင်၊ အလုပ်သမားများအကြား အပြန်အလှန်အလေးထားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် လူမှုဖူလုံရေးအဖွဲ့က စက်ရုံများအတွင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အာမခံအလုပ်သမားများအား ဆေးဝါးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ November 25, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ November 24, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 23, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
