ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်
Ministry of Cooperatives and Rural Development/ Naypyitaw / November 28, 2025
နေပြည်တော် နိုဝင်ဘာ ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် လက်မှုရွာစီမံကိန်းအတွက် စီမံကိန်းလုပ်ငန်းတာဝန်နှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာနရှိ စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီဝင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက် သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ယခု ဆောင် ရွက်သည့် လက်မှုရွာစီမံကိန်းသည် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင်ရွက်သည့် ဒုတိယမြောက် စီမံကိန်းတစ်ခုဖြစ်ပြီး အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် စီမံကိန်းလုပ်ငန်းတာဝန် သတ်မှတ်ချက်များနှင့် လုပ်ငန်းသုံးပစ္စများ ထောက်ပံ့ပေးအပ်မည် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သည့် မြန်မာ့ ယဉ်ကျေးမှု လက်မှုအနုပညာများကို ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များကို စောင့်ရှောက်ပြီး တိုးတက်ပြန့်ပွားအောင်လုပ်ဆောင်ကာ နိုင်ငံသား တိုင်း မြန်မာ့ယဉ်ကျေးမှုကို ချစ်မြတ်နိုးလာစေရန်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို နိုင်ငံ တကာနှင့် ရင်ဘောင်တန်း ထိန်းသိမ်းရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါကြောင်း။
ယင်းဆောင်ရွက်ချက်နှင့်အညီ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ရိုးရာ လက်မှုအနုပညာများ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် လုပ်ငန်းတာဝန်တစ်ရပ် သတ်မှတ်ပြီး ဝါး၊ သစ်၊ အုန်း၊ ကြိမ်၊ ဗေဒါ၊ ယွန်း၊ ရက်ကန်း စသည့် လက်မှု နည်းပညာသင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်း၊ ဌာနမှ လူသုံးကုန်ပစ္စည်းအမယ်သစ်များ ဆန်းသစ် တီထွင်ထုတ်လုပ်ခြင်း၊ နည်းပညာဖြန့်ဝေပေးခြင်း၊ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ယခုဆောင်ရွက်မည့် လက်မှုရွာစီမံကိန်းကို မြန်မာ့ရိုးရာ ပန်း(၁၀)မျိုးအပါအဝင် လက်မှု လုပ်ငန်းများ တိမ်ကောပပျောက်မှုမရှိစေရန် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် လက်မှုရွာ တည်ထောင်ခြင်း၊ လက်မှုလုပ်ငန်းမျိုးတူစုအလိုက် လက်မှုရွာများတည်ထောင်ခြင်း၊ လက်မှုလုပ်ငန်း မျိုးတူစုအလိုက် လက်မှုရပ်ကွက်များ တည်ထောင်ခြင်း စသည့် နည်းစနစ်(၃)မျိုးနှင့် အကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ထို့ကြောင့် တိုင်းဒေသကြီး/ပြည်နယ် စီမံကိန်းတာဝန်ခံ အရာထမ်း/အမှုထမ်းများ၊ ကျေးရွာ များမှ လက်မှုရွာစီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များကို စီမံကိန်းလုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ခြင်းသင်တန်းကို ပို့ချပေးပြီးဖြစ်၍ မိမိတို့၏ နိုင်ငံ၊ လူမျိုး၊ ယဉ်ကျေးမှုအတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ညောင်ဦးမြို့နယ်၊ မြင်းကပါကျေးရွာ ယွန်းထည်လက်မှုရွာ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဌတို့ထံ စီမံကိန်းလုပ်ငန်းတာဝန်များအား ပေးအပ် သည်။
ထို့နောက် ဒုတိယဝန်ကြီးက မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန တိုင်းဦးစီးမှူးနှင့် ရေကြည်မြို့နယ်၊ စံပြကျေးရွာ ဝါး၊ ကြိမ် လက်မှုရွာစီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီဥက္ကဌတို့ထံ စီမံကိန်းလုပ်ငန်းတာဝန်များကိုလည်းကောင်း၊ အမြဲတမ်း အတွင်းဝန်က လက်မှုရွာစီမံကိန်းအတွက် လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း ပေးအပ်ခဲ့ကြ သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လက်မှုရွာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ အရာထမ်းအမှုထမ်းများ၊ သင်တန်းသားများ အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး စီမံကိန်းအား အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ရေး အားပေးစကားပြောကြားကာ လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 28, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 27, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 26, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on November 26, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Myanmar National Human Rights Commission / Posted on November 27, 2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅ နေရာတို့အတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Religious Affairs & Culture / Posted on November 27, 2025
လျှောက်လွှာပုံစံ- Form
