ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ တက်ရောက်
Ministry of Information/ Naypyitaw / December 04, 2025
ရန်ကုန် ဒီဇင်ဘာ ၃
ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆွေးနွေးပွဲ - ၂၀၂၅ (Yangon Investment Facilitation Workshop-2025) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon Hotel ၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က မင်္ဂလာမောင်းကိုတီး၍ ဖွင့်လှစ်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က တိုင်းပြည်၏ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့မြှင့်တင်လုပ်ကိုင်နိုင်မှသာ ပို့ကုန်နှစ်ဆ တိုးမြှင့်ရေးရည်မှန်းချက်ကို ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အချို့သွင်းကုန်များကိုလည်း အစားထိုးနိုင်ပြီး ပို့ကုန်များကိုလည်း တိုးတက်အောင် ဆောင်ရွက်သွားနိုင်ရမည်ဖြစ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဟုဆိုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရှိသည့်အတွက် နှစ်ပိုင်းစလုံးကို အားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စီးပွားရေးအချက်အချာဒေသတစ်ခုဖြစ်ပြီး နိုင်ငံ့ GDP ၏ ၂၆ ရာခိုင်နှုန်းဖြစ်သည့်အတွက် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှုသည် တစ်နိုင်ငံလုံးအတွက် အရေးကြီးပါ ကြောင်း၊ ယနေ့ဆွေးနွေးပွဲဆောင်ပုဒ်ဖြစ်သည့် “ယုံကြည်မှုတွေ တည်ဆောက်ဖို့ ပူးပေါင်းမှုများ အားပေးစို့ Building Confidence, strengthening Collaboration” အတိုင်း အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများအား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ၏ မူလအဆိုပြုလွှာအတိုင်း ကုန်ထုတ်လုပ်မှုစွမ်းအား ပြန်လည် လည်ပတ်နိုင်ရေးနှင့် ပြည်ပသို့ ချိတ်ဆက်တင်ပို့မှု အဆင်ပြေချောမွေ့ရေးသည် အဓိကကျနေသည့်အတွက် ဗဟိုမှ ကွင်းဆင်းထိတွေ့အားပေးရင်း ပြန်လည်တင်ပြချက်များကိုလည်း သက်ဆိုင်ရာဌာနများသို့ တင်ပြညှိနှိုင်းကူညီသွားရန်ဖြစ်ပါကြောင်း၊ Processing Lines အပြင် ထပ်မံတိုးချဲ့တပ်ဆင်လိုသူရှိပါကလည်း မြန်ဆန်အဆင်ပြေချောမွေ့အောင် ကူညီသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုအခြေအနေများ၊ ထပ်မံဖော်ထုတ်နိုင်မည့် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ၊ တိုင်းဒေသကြီးအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအပေါ် ကူညီဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို အဓိကထား၍ ပြောကြား သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ခင်းကျင်းပြသထား သည့် ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ယနေ့အခမ်းအနားတွင် MSMEs လုပ်ငန်းများအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြခန်းစုစုပေါင်း ၃၁ ခန်းကို စိတ်ဝင်စားဖွယ် ခင်းကျင်းပြသထားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးက Power point presentation ဖြင့် ရှင်းလင်းတင်ပြသည်။ ထို့နောက် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကို ဆက်လက်ကျင်းပရာ “ရင်းနှီးမြှုပ်နှံ မှုဝန်းကျင်တိုးမြှင့်ခြင်း - လွယ်ကူချောမွေ့စေရေးစကားဝိုင်း “Enhancing the Investment Climate: A Facilitation Dialogue” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြီး လုပ်ငန်းရှင်များက မေးမြန်းခဲ့သည့် တင်ပြချက်များအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည် ဖြေကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင် ကိုးဦးက ၎င်းတို့၏လုပ်ငန်းအတွေ့အကြုံနှင့်စပ်လျဉ်းသည့် လုပ်ငန်းစီမံကိန်းများ၏ အားသာချက်များနှင့် ထုတ်လုပ်နိုင်မှုအခြေအနေ (Project Presentation) များကို မျှဝေဆွေးနွေးသည်။
ညနေပိုင်းတွင် ဆန်၊ ပဲ၊ နှမ်း စိုက်ပျိုးရေး ထွက်ကုန်များ၊ ဆိုလာလျှပ်စစ်ကဏ္ဍ၊ မွေးမြူရေးနှင့် ဆက်စပ်သည့် နည်းပညာလွှဲပြောင်းခြင်းကဏ္ဍစသည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ၂၄ ခုကို သက်ဆိုင်ရာတာဝန်ရှိသူများက အပြန်အလှန်လက်မှတ်ရေးထိုးလဲလှယ် ကြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ဆွေးနွေးပွဲသည် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စေရေးနှင့် ရေရှည်တည်တံ့အောင်မြင်စေရန် ရည်ရွယ်ပြီး အစိုးရ-ပုဂ္ဂလိကအသီးသီးမှ အဆင့်မြင့်ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်ရှိရင်းနှီးမြှုပ်နှံသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအပြင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ December 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ December 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
Myanmar National Human Rights Commission Statement (16/ 2025)
Myanmar National Human Rights Commission / Posted on December 03, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
