ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး မော်တော်ယာဉ်စက်ပြင်သင်တန်းပို့ချနေမှု ကြည့်ရှုအားပေး တာမွေအလုပ်သမားဆေးရုံကြီးနှင့် ပင်မဆေးသိုလှောင်ရေးဌာန ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / December 05, 2025
image_latest


ရန်ကုန် ဒီဇင်ဘာ ၄

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သည့် မော်တော်ယာဉ်စက်ပြင်သင်တန်းအမှတ်စဉ် (၄/၂၀၂၅) ဖွင့်လှစ် ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက အလုပ်သမားဝန်ကြီးဌာနသည် မြန်မာလုပ်သားထု၏ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားစေရေး၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ သင်တန်းကျောင်းများအနေဖြင့် သင်တန်းသားများ အမှန်တကယ်ကျွမ်းကျင်မှုရှိစေရေး၊ သင်တန်းပြီးဆုံးချိန်တွင် သင့်တော်ကောင်းမွန်သော အလုပ်အကိုင်များတိုးတက်ရရှိစေရေးတို့အတွက် ဆောင်ရွက်ရန်မှာကြားသည်။

ထို့ပြင် ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် ပင်မဆေးသိုလှောင်ရေးဌာနသို့ သွားရောက်၍ အလုပ်သမားဆေးရုံကြီးများနှင့် မြို့နယ်လူမှုဖူလုံရေးဆေးခန်းများအတွက် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများကို သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျသိုလှောင်ထားရှိရန်၊ ဖြန့်ဖြူးဆောင်ရွက်သွားရန်နှင့် အလေအလွင့်မရှိစေရေး ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးသို့ သွားရောက်လှည့်လည်ကြည့်ရှုကာ လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement (16/ 2025)

Myanmar National Human Rights Commission / Posted on December 03, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023