ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဇေယျာသီရိမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံအားပေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဇေယျာသီရိမြို့နယ် နွေစပါးစိုက် သမဝါယမအသင်းသားတောင်သူများနှင့် တွေ့ဆုံအားပေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 07, 2026
နေပြည်တော် ဇန်နဝါရီ ၇
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့် တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာအုပ်စု၊ စိမ်းစားပင်ကျေးရွာသို့ သွားရောက်၍ အသင်းသား (၁၂၀) ဦး၊ စိုက်ပျိုးမြေဧက (၅၁၀) ဧကဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နွေစပါး စိုက်ပျိုးမည့် ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏လမ်းညွှန်ချက်များနှင့်အညီ ရွှေဇေယျာ စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းမှ အသင်းသားတောင်သူများအတွက် ၂၀၂၄-၂၅ ဘဏ္ဍာနှစ် တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် သက်တံ့ရောင်သမဝါယမစီမံကိန်း ရန်ပုံငွေတို့ဖြင့် အထွက်တိုး မျိုးနှင့် သွင်းအားစုများကို သီးနှံပေါ်ပေးစနစ်ဖြင့် ပံ့ပိုးပေးခဲ့ပြီး ထွက်ရှိ လာသော စပါးများကို အသင်းပိုင်ဆန်စက်မှ ပြန်လည်ဝယ်ယူ ကြိတ်ခွဲပေးခဲ့ပါကြောင်း၊ ဤသို့ ဆောင်ရွက်ပေးရခြင်းမှာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေး အတွက်ပင် ဖြစ်ပါကြောင်း၊ အသင်းသားတောင်သူများကလည်း စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်း ရရှိရေးအတွက် အထွက်တိုးမျိုးကောင်းမျိုးသန့်များ ရွေးချယ် စိုက်ပျိုးရန်လိုအပ်ပြီး အသင်းမှ စီစဉ်ပေးမည်ဖြစ်ကြောင်း၊ မြေယာပြုပြင်ရာတွင်လည်း ဓာတ်မြေဩဇာကို သက်သာသော ဈေးနှုန်းရရှိအောင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်၍ သဘာဝမြေဩဇာများ ရောနှောပေါင်းစပ်အသုံး ပြုကြရေး၊ ဆည်ရေသောက်စနစ်ဖြစ်သည့်အတွက် ရေကို အကျိုးရှိစွာအသုံးချရေး၊ စိုက်ပျိုးရေးဦးစီး ဌာနမှပို့ချသော စိုက်နည်းစနစ်များအတိုင်း စနစ်တကျ စိုက်ပျိုးကြရေး၊ စည်းလုံးညီညွတ်စွာ၊ စည်းကမ်းရှိစွာဖြင့် ကျေးရွာသန့်ရှင်းရေးနှင့် ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရေး၊ နိုင်ငံတော်ထံမှ ချေးယူထားသည့် ချေးငွေများ အပြေအကျေ ပြန်လည်ပေးဆပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပြီး ဒေသခံပြည်သူများနှင့် အသင်းသားတောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်နှင့် ဒေသဖွံ့ဖြိုးရေး တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ယနေ့ထိ စပါးတင်းပေါင်း ၅၀၀,၁၃၁ တင်း၊ ဆန်ထုတ်လုပ်မှုနှင့် ရိက္ခာဆန်ပေးသွင်းမှုအနေဖြင့် ၂၄ ပြည် ဆန်အိတ်ပေါင်း ၁၈၆,၀၅၀ အိတ် ဝယ်ယူကြိတ်ခွဲထုတ်လုပ်ခဲ့သော ရွှေဇေယျာ စိုက်ပျိုးထုတ် လုပ်ရေးသမဝါယမအသင်းပိုင်ဆန်စက် လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information / Posted on January 08, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Ministry of Information / Posted on January 08, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
Ministry of Information / Posted on January 08, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
