ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကာယပညာနှင့်အားကစား အခြေခံနည်းပြသင်တန်း အမှတ်စဉ် (၂၃) ဖွင့်ပွဲတက်ရောက်


Ministry of Information/ Naypyitaw / January 09, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၈

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၂၃)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်း၌ကျင်းပသည်။

ဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကာယပညာနှင့်အားကစားအခြေခံနည်းပြသင်တန်း အမှတ်စဉ်(၁)ကို ၁၉၈၅ ခုနှစ်တွင်စတင်၍ ဖွင့်လှစ်ခဲ့သည်ဟု သိရှိရပြီး အမှတ်စဉ်(၂၂)အထိ ကာယပညာ ဆရာ ဆရာမ ၉၀၂၄ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အနေဖြင့် ကျောင်းသား ကျောင်းသူများအား စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းလုံးညီညွတ်မှုနှင့်ပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သည့် နိုင်ငံ့သားကောင်းများပေါ်ထွန်းလာရေး၊ KG+12 ပညာ ရေးစနစ်ကို စနစ်တကျ အထောက်အကူဖြစ်စေရေးနှင့် အခြေခံပညာကျောင်းများတွင် လစ်လပ်နေသည့် ကာယပညာ ဆရာ ဆရာမများ ဖြည့်ဆည်းခန့်ထားနိုင်ရေးတို့အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ကာယပညာစီမံအုပ်ချုပ်မှု၊ ကာယပညာအခြေခံသဘော တရား၊ ကာယပညာနှင့်အားကစားသင်ပြမှု၊ ခန္ဓာဗေဒနှင့် ဆေးပညာ၊ Biomechanic၊ KG+12 ၏ အတန်းလိုက် ကာယပညာဘာသာရပ်များကို စာတွေ့ပို့ချသွားမည်ဖြစ်ကြောင်း။

ထို့ပြင် ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကက်ဘော၊ ပြေးခုန်ပစ်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်အားကစားနည်းများနှင့် အခြေခံစစ်ရေးပြ၊ ကာယကြံ့ခိုင်မှုဘာသာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှအားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် အခြေခံပညာကျောင်းများ၏ မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့်များတွင် စာပေဘာသာရပ်များအပြင် ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ (ပန်းချီ၊ ဂီတ)၊ စာရိတ္တနှင့် ပြည်သူ့နီတိဘာသာရပ်များကို သင်ရိုးဝင်ဘာသာရပ်များအဖြစ် ပြဋ္ဌာန်းပေးပြီး အကောင်အထည်ဖော် သင်ကြားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံပညာကျောင်းများသည် ကျောင်းသား ကျောင်းသူများကို စာပေတစ်ခုတည်း သင်ကြားပေးခြင်းမျိုးမဟုတ်ဘဲ ဘက်စုံပညာရေးကိုပါ အလေးထားသင်ကြားပေးခြင်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ သို့ပါ၍ သင်တန်းသား သင်တန်းသူများအနေဖြင့် မိမိတာဝန်ကျမည့် အခြေခံပညာကျောင်းများရှိ ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ ထူးချွန်ထက်မြက်၍ ကျန်းမာကြံ့ခိုင်သော နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာစေရန် သင်ကြားလေ့ကျင့်ပေးနိုင်သည့် ကာယပညာဆရာ ဆရာမများဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စားသောက်ဆောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အဆိုပါ ကာယပညာနှင့် အားကစားအခြေခံနည်းပြသင်တန်းအမှတ်စဉ် (၂၃) ကို ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၁၃ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှဘွဲ့ရရှိပြီး လုပ်သက်နှစ်နှစ်ရှိသူ လက်ထောက်မူလတန်းပြ၊ လက်ထောက်အလယ်တန်းပြ ဆရာ ဆရာမများ၊ ဘွဲ့ရရှိပြီး လုပ်သက်တစ်နှစ်ရှိသူ ဒုတိယမူလတန်းပြ၊ ဒုတိယအလယ်တန်းပြ ဆရာ ဆရာမများကို ကြံ့ခိုင်စွမ်းရည်(၅)မျိုးနှင့် သက်ဆိုင်ရာအားကစားနည်းအလိုက် ကျွမ်းကျင်မှုများကို စနစ်တကျစစ်ဆေး ရွေးချယ်အောင်မြင်ခဲ့သည့် သင်တန်းသား ၂၁၂ ဦး၊ သင်တန်းသူ ၁၈၈ ဦး စုစုပေါင်း ၄၀၀ သင်တန်း တက်ရောက်ခွင့်ရရှိခဲ့ပြီး သင်တန်းပြီးဆုံးသည့်အခါ အခြေခံပညာအလယ်တန်းကျောင်းများနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များတွင် ဒုတိယအလယ်တန်းပြ(ကာယ) ဆရာ ဆရာမများအဖြစ် ခန့်ထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

Ministry of Information / Posted on January 09, 2026

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 09, 2026

စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023