ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မြစ်ကြီးနားမြို့ရှိ ဝန်ထမ်းများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / January 12, 2026
နေပြည်တော် ဇန်နဝါရီ ၁၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ မွန်းလွဲ (၂)နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန၊ ဆွတ်ဂျာအိန်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးနေကြောင်း၊ ကျေးလက်ဒေသမှာရှိသည့် ပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေရရှိရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဝင်ငွေရရှိ မည်ဆိုပါက ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရေးကိုလည်း ဆောင်ရွက်ပေးနေပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်ပြာရည်သင်တန်း၊ စက်ချုပ်သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်းများ စသည့် သက်မွေးပညာသင်တန်းများကို ဝင်ငွေတိုး စီမံကိန်းများဖြင့် သင်တန်းဖွင့်လှစ်ပေးခြင်း၊ အလုပ်ကိုင်နိုင်ရန်အတွက် အရင်းအနှီးများရရှိအောင် စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သမဝါယမအသင်းများ ဖွဲ့စည်းပေးခြင်းသာမက ကုန်ထုတ် ကုန်သွယ်လုပ်ငန်းများ တိုးမြှင့်လုပ်ဆောင်နိုင်ရန် ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် မျိုး၊ မြေ၊ ရေ၊ နည်း (၄)ချက်အတိုင်း စနစ် တကျမှန်ကန်စွာဆောင်ရွက်ပါက ပန်းတိုင်းရည်မှန်းချက်ပြည့်မီပြီး သီးနှံများဖြစ်ထွန်းအောင်မြင်မည် ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် မြစိမ်းရောင်စီမံကိန်း၊ သမဝါယမ ဦးစီးဌာနတွင် သက်တန့်ရောင်စီမံကိန်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတွင် ဝင်ငွေတိုး စီမံကိန်းများဖြင့် ပြည်သူများ အရင်းအနှီးရရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ သတ်မှတ်သီးနှံ (၁၃)မျိုးတွင် သီးနှံထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်ရောက်ဖို့လိုအပ်ကြောင်း၊ ဦးစီးဌာန(၄)ဌာနမှ ဝန်ထမ်းများ သက်သာချောင်ချိရေးကို အလေးထားဆောင်ရွက်ရန်နှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေးနှင့် ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ၊ အသင်းအမှုဆောင်များ စုစုပေါင်း (၁၁၅)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိ သူများ လိုက်ပါလျက် ပြည်နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မန်ခိန်ရပ်ကွက် အတွင်းရှိ “ဖြိုးဝေဝေ” စက္ကူနှင့်စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သို့ လည်းကောင်း၊ မြို့သစ်ကြီး(ဂျာမိုင်ကောင်း)ရပ်ကွက်အတွင်းရှိ “ခခူး” စက်မှုလက်မှုရက်ကန်းကုန်ထုတ် သမဝါယမ အသင်းလီမီတက်သို့ လည်းကောင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၈ ရက် ၊ ဇန်နဝါရီ ၁၀ ရက်၊ စနေနေ့။
Announcement
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on January 12, 2026
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Ministry of Information / Posted on January 09, 2026