ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ဝန်ထမ်းများနှင့် မိသားစုဝင်များ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် ရုံးအဆောက်အအုံ ပြင်ဆင်တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိဌာနများက ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မိသားစုဝင်များ အခြေပြုနေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများနှင့် နေပြည်တော် ဗဟိုစာတိုက်ကြီးပြင်ဆင်နေမှု၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာန၏ သတင်းအချက်အလက် နည်းပညာဗဟို အဆောက်အအုံသစ်ပြန်လည် တည်ဆောက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥတ္တရသီရိမြို့နယ်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅)၊ ဇမ္ဗူသီရိမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်ဘူတာကြီးနယ်မြေရှိ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ သတင်းအချက် အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနနှင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ရွာတော်)တို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများ နေထိုင်လျက်ရှိသည့် ယာယီဝန်ထမ်းအိမ်ရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး သန့်ရှင်းသော သောက်သုံးရေအမြဲရရှိရေးဆောင်ရွက်ပေးရန်၊ အရိပ်ရသီးပင်စားပင်များ စိုက်ပျိုးရန်၊ မျိုးစေ့များ ထောက်ပံ့ပေးရန်၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ပေးရန်၊ ပွင့်လင်းရာသီသို့ရောက်ရှိတော့မည်ဖြစ်၍ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး စီမံဆောင်ရွက်ရန်၊ နွေရာသီ၌ အပူဒဏ်သက်သာစေရန်အတွက် အမိုးအဖီများကို စနစ်တကျခိုင်ခံ့စွာ ပုံစံတူပြုလုပ်ပေးရန်၊ အိမ်ရာဝင်းအတွင်းရှိလမ်းများကို ရာသီမရွေးအသုံးပြုနိုင်ရေး ဆောင်ရွက်ပေးရန်၊ အိမ်ရာဝင်းအတွင်းရှိ လမ်းမီးတိုင်များကို ခိုင်ခံ့သောကွန်ကရစ်တိုင်များဖြင့် လဲလှယ်ပေးရန်၊ အိမ်ရာဝင်း၏ လုံခြုံရေးဆောင်ရွက်ပေးရန်နှင့် ဝန်ထမ်းများအားလုံး ယခုကဲ့သို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြရန်တို့ကို မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သည့် နေပြည်တော် ဗဟိုစာတိုက်ကြီးပြင်ဆင်နေမှုနှင့် သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာန၏ သတင်းအချက်အလက် နည်းပညာဗဟိုအဆောက်အအုံသစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့သွားရောက်ကြည့်ရှုစစ်ဆေး၍ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ညီညွတ်စေရေး၊ လျာထားချက်အတိုင်းတည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို တာဝန်ရှိသူအားလုံးက အလေးထားလိုက်နာဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ January 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း

Ministry of Information / Posted on January 24, 2026

မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၏ သဘောထားထုတ်ပြန်ခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023