ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဖြူးမြို့နယ် သမဝါယမအသင်းစုများ၊ ဝန်ကြီးဌာနအောက် ဝန်ထမ်းများအား တွေ့ဆုံမှာကြား


Ministry of Cooperatives and Rural Development/ Naypyitaw / January 26, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၆

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ရုံးသို့သွားရောက်ပြီး သမဝါယမအသင်းစုများမှ အသင်းအမှုဆောင်များ၊ ဝန်ကြီးဌာနအောက် တိုင်း အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့်တွေ့ဆုံကာ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များအောင်မြင်ရန် ဦးစီးဌာန (၄) ခု စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ဝိုင်းဝန်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းနှင့် သက်တံရောင်သမဝါယမ စီမံကိန်းလုပ်ငန်းများ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အသင်းသားတောင်သူများ လိုအပ်သည့် သွင်းအားစု၊ မျိုး၊ မြေဩဇာများအား စိုက်ပျိုးချိန်အမီ ထောက်ပံ့ပေးရေး၊ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ် သည့် နည်းပညာသင်တန်းများသာမက အရင်းအနှီး မတည်ဆောင်ရွက်ပေးရန်၊ လုပ်/ မလုပ် စဉ်ဆက်မပြတ် စစ်ဆေးရန်နှင့် ခေတ်မီစံပြကျေးရွာ (Smart Village) စီမံကိန်းများ အောင်မြင်ရန် ပူးပေါင်းဆောင်ရွက်ကြရေး၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်း၊ ကျေးလက်ရေရရှိရေး၊ မီးလင်းရေးလုပ်ငန်းများကို သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အရည်အသွေးပြည့်မီစွာ အချိန်မီပြီးစီး အောင် ဆောင်ရွက်ကြရေးနှင့် မဆောင်ရွက်နိုင်သည့်လုပ်ငန်းများ အချိန်မီပြန်လည်အပ်နှံရေး ဆောင်ရွက်ကြရန်၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးလုပ်ငန်းများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကို စေတနာထားဆောင်ရွက်ခြင်းဖြင့် အလုပ်အပေါ်ဂုဏ်ယူတတ်စေရန်နှင့် နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ နေထိုင်ဆောင်ရွက်ကြရေး၊ ကျန်းမာရေးအသိ လုံခြုံရေးသတိတို့ဖြင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးရန် တိုက်တွန်းမှာကြားပြီး ဦးစီးဌာနအလိုက် ဝန်ထမ်း တစ်ဦးချင်းစီ၏ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သမဝါယမအသင်းစုများမှ အသင်းအမှု ဆောင်များ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြား ခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 26, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ January 24, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း

Ministry of Cooperatives and Rural Development / Posted on January 23, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Ministry of Information / Posted on January 24, 2026

သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023