ပြည်ထောင်စုဝန်ကြီး ဦးလှမိုး “ခေတ်ရှေ့ဆောင်” သမဝါယမအသင်း၏ လယ်ယာသုံးစက်ကိရိယာပစ္စည်းအရောင်းပြခန်းနှင့် အလုပ်ရုံဖွင့်ပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး “ခေတ်ရှေ့ဆောင်” သမဝါယမအသင်း၏ လယ်ယာသုံးစက်ကိရိယာပစ္စည်းအရောင်းပြခန်းနှင့် အလုပ်ရုံဖွင့်ပွဲသို့ တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / February 10, 2026
နေပြည်တော် ဖေဖော်ဝါရီ ၉
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ရှားတောကျေးရွာသို့ သွားရောက်၍ ခေတ်ရှေ့ဆောင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အထွေထွေစီးပွား ရေးသမဝါယမအသင်း(လီမိတက်)၏ လယ်ယာသုံးစက်ကိရိယာပစ္စည်းအရောင်းပြခန်းနှင့် အလုပ်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အရောင်းပြခန်းနှင့် အလုပ်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါများရေး၊ မြို့ပြနှင့် ပြည်ပနိုင်ငံ များသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများ လျော့နည်းရေးတို့ကို များစွာ အထောက်အကူ ဖြစ်စေပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်း သက်သာသည့် စက်မှုလက်မှုထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနိုင်ရန်အတွက် သမဝါယမအသင်းပိုင် စက်ရုံ/ အလုပ်ရုံများ၊ ဆန်စက်၊ ဆီစက်များ၊ သဘာဝမြေဩဇာစက်ရုံအပါအဝင် ဝါကြိတ်စက်၊ စက္ကူစက်၊ ရက်ကန်းစက်၊ အထည် ချုပ်စက်၊ နှမ်းအခွံချွတ်စက်၊ ရေခဲစက်၊ နို့ချက်စက်၊ သကြားစက်၊ မီးခံအုတ်စက်၊ ဆပ်ပြာစက်၊ ကျောက်ပြားစက်၊ တံမြက်စည်းစက် စသည့် စက်ရုံ/အလုပ်ရုံပေါင်း (၄၆) ခု ထူထောင်၍ ကုန်ထုတ် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သမဝါယမအသင်းသား တောင်သူများက ကြဲပက်စနစ် စိုက်ပျိုးလျက်ရှိသကဲ့သို့ စပါးစိုက်စက်များသည်လည်း ဈေးနှုန်းမြင့်မားပါကြောင်း၊ စိုက်ပျိုးနည်း စနစ်များမှန်ကန်မှသာ ပန်းတိုင်အထွက်နှုန်း တိုးနိုင်ကြောင်း၊ ယခုအရောင်းဆိုင်တွင် အစေ့ချစက် (Seeder) ကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည်ဖြစ်၍ သမဝါယမအသင်းသားတောင်သူများ လိုအပ်ပါက သီးနှံပေါ်ပေးစနစ်ဖြင့် ရင်းနှီးမြှုပ်နှံပေးမည်ဖြစ်ကြောင်း၊ အစေ့ချစက် (Seeder) ကို အသုံးပြု၍ ပင်ကြား၊ တန်းကြား မှန်ကန်အောင်စိုက်ပျိုးပြီး ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းစိုက်ပျိုးကြစေလိုကြောင်း၊
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရာမှာ လိုအပ်တဲ့ စက်ကိရိယာ ပစ္စည်းများကို ပြည်ပကနေ ဝယ်ယူတင်သွင်းအသုံးပြုခြင်းဖြင့် နိုင်ငံခြားငွေဆုံးရှုံးမှု ဖြစ်နိုင်ပြီး ပြုပြင်ထိန်းသိမ်းစရိတ် မြင့်မားပါကြောင်း၊ ထို့ကြောင့် ပြည်တွင်းထုတ်အရည်အသွေးမြင့် စက်ကိရိယာများကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်၍ အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း ဒေသထွက်ကုန်ကြမ်းပစ္စည်းများကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်း များ အောင်မြင်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းနှင့် နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း ဆန်ဖူလုံမှုရှိစေရေး၊ စပါးအထွက်နှုန်းတိုးတက်ရေး အားပေးလျက်ရှိပါကြောင်း၊ အထွက် နှုန်းတိုးသော စပါးမျိုးများ စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အရည်အသွေးကောင်း မွန်သော စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့ဝန်ကြီးဌာနက ငွေကြေး အရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်ရရှိရေး ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်ကောင်စီ ဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ယင်းနောက် ခေတ်ရှေ့ဆောင် သမဝါယမအသင်းဥက္ကဋ္ဌက လယ်ယာသုံးစက်ကိရိယာပစ္စည်း အရောင်းပြခန်းနှင့် အလုပ်ရုံဖွင့်လှစ်နိုင်ရေး လုပ်ငန်းဆောင်ရွက်ခဲ့ပုံများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သမဝါယမအသင်းသားတောင်သူများနှင့် ဒေသခံပြည်သူ များ၏ စိုက်ပျိုးမွေးမြူရေးနှင့် ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လယ်ယာသုံးစက်ကိရိယာပစ္စည်းများနှင့် အလုပ်ရုံ ကိုလည်းကောင်း၊ ဒေသလုပ် လက်ဆွဲကောက်စိုက်စက်၊ အစေ့ချစက်တို့ဖြင့် နွေစပါး စမ်းသပ် စိုက်ပျိုးပြသနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာနှစ် နေပြည်တော် ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းကျေးရွာ တွင်းလမ်း အရှည် ပေ (၂၂၀၀) ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲသို့ တက်ရောက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များနှင့် အမြဲတမ်းအတွင်းဝန်တို့က ကုန်ထုတ်လမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး လိုက်လံလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ ကျေးလက် ဒေသ ဘက်စုံဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းပေါများပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် ဝန်ကြီးဌာနက မူဝါဒ၊ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိသည့် လုပ်ငန်းဆိုင်ရာများ၊ သမဝါယမစနစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေးတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဒေသခံပြည်သူများကိုယ်စား ကျေးရွာသားတစ်ဦးက ကျေးဇူးတင်စကားပြောကြား ခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 10, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 09, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၇ ရက် ၊ ဖေဖော်ဝါရီ ၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 08, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Ministry of Information / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
မြန်မာ-ဗီယက်နမ် ချစ်ကြည်ရေးအသင်းက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာချက်
Ministry of Information / Posted on February 10, 2026
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ဂုဏ်ထူးဆောင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပါရဂူဘွဲ့ Honorary Doctor of Public Administration (D.P.A. honoris causa) ကို အထူးဘွဲ့နှင်းသဘင်အခမ်းအနားဖြင့်...
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
Ministry of Transport and Communications / Posted on February 06, 2026
တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း
