ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)နှင့် အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / February 17, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၁၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်စီးပွားရေးရာဝန်ကြီးတို့နှင့်အတူ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကို ပြန်လည်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ စက်ရုံတွင် အလုပ်ရုံ ၂၂ ရုံရှိသည့်အနက် အလုပ်ရုံ ၁၉ ရုံရှိ စက်ပစ္စည်းများကို စစ်ဆေးပြုပြင်၍ စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် အလုပ်ရုံသုံးရုံအနက် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant) ကို မကြာမီအချိန်တွင် စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စက်ရုံရှိ အဓိကအလုပ်ရုံဖြစ်သည့် Romelt နည်းပညာအသုံးပြု သံရည်ကျိုအလုပ်ရုံရှိ တပ်ဆင်ထားရှိသော စက်ပစ္စည်းများကိုလည်း ကျွမ်းကျင်ပညာရှင်များက စစ်ဆေးပြီးဖြစ်ကြောင်း၊ စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံကိုလည်း စက်တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း မှာကြားသည်။

ထို့နောက် အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံမှူးတို့က အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်အလုပ်ရုံ (Air Separation Plant) စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့် အလုပ်ရုံ (Air Separation Plant)သို့ ရောက်ရှိပြီး စက်များ စမ်းသပ်လည်ပတ်မောင်းနှင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ စက်များကို စစ်ဆေးခြင်း၊ တပ်ဆင်ခြင်း၊ စမ်းသပ်လည်ပတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် AGS Co., Ltd. မှ ကျွမ်းကျင် ပညာရှင်များနှင့် တွေ့ဆုံ၍ အောက်ဆီဂျင်နှင့် နိုက်ထရိုဂျင်ဓာတ်ငွေ့ထုတ်လုပ်သည့်အလုပ်ရုံ (Air Separation Plant)အား ဘေးအန္တရာယ်ကင်းရှင်းစွာ မောင်းနှင်နိုင်ရေး၊ ကိုင်တွယ်မောင်းနှင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆွေးနွေးကြပြီး ကျွမ်းကျင်ပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ သည်။

လှည့်လည်ကြည့်ရှုစစ်ဆေး

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်ရှိ အမှတ် (၈) အထည်စက်ရုံခွဲ (ရမည်းသင်း) သို့ ရောက်ရှိပြီး စွပ်ကျယ်များ ချုပ်လုပ်နေမှု၊ စောင်များရက်လုပ်နေမှု၊ ဆေးရုံသုံးမွေ့ရာများချုပ်လုပ်နေမှု၊ လုပ်ငန်းခွင်သုံးဝတ်စုံများ ချုပ်လုပ်နေမှုအခြေအနေတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံတာဝန်ခံနှင့် ဌာနတာဝန်ခံများနှင့် တွေ့ဆုံ၍ စက်ရုံများ၌ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် စနစ်များ ထူထောင်ထားရှိပြီးဖြစ်၍ တိတိကျကျလိုက်နာဆောင်ရွက်ရန်၊ ဝန်ကြီးဌာနများ၏ အမှာစာများကို အချိန်မီထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန်၊ ချုပ်ထည်များအား ချုပ်ရိုးချုပ်သားကောင်းမွန်နိုင်ရေးအတွက် စနစ်တကျစစ်ဆေးကြပ်မတ်ဆောင်ရွက်ရန်၊ ပူပြင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် စီမံချက်များရေးဆွဲပြီး သရုပ်ပြလေ့ကျင့်ရန်နှင့် မီးငြှိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ဖြည့်တင်းဆောင်ရွက်ထားရှိရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလကွယ်နေ့ ၊ ဖေဖော်ဝါရီ ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023