ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ် ရာမညအားကစားကွင်း၊ ကျောင်းသားအားကစားကွင်းတို့ကို ကြည့်ရှု
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် မွန်ပြည်နယ် ရာမညအားကစားကွင်း၊ ကျောင်းသားအားကစားကွင်းတို့ကို ကြည့်ရှု
Ministry of Information/ Naypyitaw / February 24, 2026
နေပြည်တော် ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မွန်ပြည်နယ် ရာမညအားကစားကွင်းကို ကြည့်ရှုသည်။
မှာကြား
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ရေသုံးစွဲမှုလုံလောက်စွာရရှိရေး၊ ဘောလုံးကွင်းမြက်ခင်း စိမ်းလန်းစိုပြည်စေရေး၊ ရေဖျန်းစနစ်ကောင်းမွန်စေရေးတို့အတွက် ရေပိုက်လိုင်းများ ပြန်လည်ဆောင်ရွက်ရန်နှင့် ဂိုးတိုင်၊ ဂိုးပိုက်များ စနစ်တကျရှိစေရေး၊ ပွဲကြည့်စင် ထပ်မံတိုးချဲ့တည်ဆောက်ရေး စီမံဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ရေကူးကန်တည်ဆောက်မည့် မြေနေရာကို ကြည့်ရှုပြီး ဒိုင်ဗင်ကန်နှင့် ရေကူးကန်တစ်ဆက်တည်း တည်ဆောက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
ပြင်ဆင်ဆောင်ရွက်
ယင်းနောက် ကျောင်းသားအားကစားကွင်းသို့ သွားရောက်၍ လူငယ်စင်တာ ဖွင့်လှစ်မည့် အဆောက်အအုံကို ကြည့်ရှု ပြီး ဘောလုံးကွင်း မြက်ခင်းစိမ်းလန်း စိုပြည်စေရေးအတွက် ရေနုတ်မြောင်းများကို ပြန်လည် ရန်၊ ၁၀ မြို့နယ်ဘောလုံးပြိုင်ပွဲနှင့် အခြားဖိတ်ခေါ်ဘောလုံး ပြိုင်ပွဲများကျင်းပနိုင်ရေး ပြုပြင်ဆောင်ရွက်ရန်၊ ပြည်နယ်ရာမည အားကစားကွင်းတွင် ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲများကိုသာ ကျင်းပရန်နှင့် ခရိုင်အဆင့်မီ အားကစားကွင်းအဖြစ် ဖော်ဆောင်နိုင်ရေးအတွက် Synthetic ပြေးလမ်းခင်းနိုင်ရေး တွက်ချက်ပြင်ဆင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 24, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 23, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on February 24, 2026
မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on February 23, 2026
မြစ်ကြီးနားလေဆိပ်တွင် ခရီးသည်တင် လေယာဉ်တစ်စင်း အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်
Ministry of Information / Posted on February 23, 2026
တတိယအကြိမ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးတက်ရောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ သတင်းပို့ကြရန် ထုတ်ပြန်