ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / March 03, 2026
image_latest


နေပြည်တော် မတ် ၃

   သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့သည် ယနေ့နေ့လယ်ပိုင်းက အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး အတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

      ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၏ မိဘမေတ္တာ မုန့်စက်ရုံ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရာ မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း ဒါရိုက်တာက မုန့်စက်ရုံတည်ဆောက်မည့် လုပ်ငန်း အစီအစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ တစ်မိသားစုချင်း ဝင်ငွေတိုးပွား စေရေး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် တစ်ပိုင်တစ်နိုင်ကုန်ထုတ် လုပ်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရေး နိုင်ငံတော်အစိုးရ၏ စီမံလမ်းညွှန်မှုဖြင့် မိမိတို့ ဝန်ကြီးဌာနမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများကို  အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေးသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အပေါ်မှာတည်မှီနေတာဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုဖွံ့ဖြိုး တိုးတက်ရေးဟာလည်း စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် တိုးတက်မှု အပေါ်မှာ မူတည်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးအခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းဖြင့် ကျေးလက်ဒေသသမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ဖြစ်ပေါ်ရေး၊ မြို့ပြနှင့် အခြားပြည်ပနိုင်ငံများသို့ရွှေ့ပြောင်း အလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်မှုများ လျော့နည်းရေးတို့ကို များစွာအထောက်အကူ ဖြစ်စေပါကြောင်း၊ ယခုလို သမဝါယမစက်မှုလက်မှုကုန်ထုတ်လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ဒေသထွက်ကုန်တစ်ခုအနေဖြင့် သမဝါယမ အသင်းတစ်ခုဖြစ်သည့် မန်းမြို့ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေး သမဝါယမအသင်းက “မိဘမေတ္တာ” မုန့်စက်ရုံ တည်ဆောက်ပြီး ထုတ်လုပ်နိုင်တော့မှာဖြစ်ပါကြောင်း၊ မုန့်စက်ရုံ တည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် အထုပ်အကြီး အရေအတွက် တစ်သိန်းခန့်နှင့် အထုပ်အသေး အရေအတွက် နှစ်သိန်းခန့်ရှိသော မုန့်ထုပ်များကို ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူ များအနေဖြင့် ထုတ်ပိုးမှု(Packaging) ပုံစံများကိုလည်း ခေတ်မီလှပသပ်ရပ်သောပုံစံများဖြင့် သုံးစွဲသူ စိတ်ဝင်စားမှုနှင့် စွဲဆောင်မှုရှိအောင် ဖန်တီးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလို ပါကြောင်း၊ ယခုမုန့်စက်ရုံကို တည်ထောင်ဆောက်လုပ်နိုင်ခြင်းကြောင့် မိမိတို့ဝန်ကြီးဌာန ကွပ်ကဲမှု အောက်ရှိ သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မန္တလေး)မှ ကျောင်းဆင်းများအပါအဝင် ဒေသရှိ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းလည်း ဖန်တီး ပေးနိုင်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စာရင်းဇယားများ မှန်ကန်မှု ရှိစေရေးနှင့် စက်ရုံ၏ ဝင်ငွေထွက်ငွေ၊ အရှုံးအမြတ်များ  သိရှိနိုင်ရေးအတွက် စာရင်းကိုင်ပညာဟာ အရေးကြီးလိုအပ်ပါကြောင်း၊ သမဝါယမအသင်းများကလည်း မုန့်စက်ရုံ တိုးတက်အောင်မြင် လာစေရေးနှင့် ဈေးကွက်ရရှိစေရေး ဝိုင်းဝန်းပေါင်းစပ် ကူညီပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက မန်းမြို့တော်ဆောက်လုပ်ရေးနှင့် အထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း၏ မိဘမေတ္တာ မုန့်စက်ရုံ ပန္နက်တင်မင်္ဂလာပြုလုပ် ကြပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် အောင်သဇင်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းတို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်သည့် တန်(၁၂ဝ)ကျဆန်စက် Show Room နှင့် ရုံးခန်းတည်ဆောက်မည့် နေရာအား ပန္နက်တင်အခမ်းအနားနှင့် တန်(၁၂၀)ကျ ဆန်စက်၊ ဝန်ထမ်းအိမ်ရာတည်ဆောက်နေမှု အခြေအနေအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် စမ်းဝတီ မွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့်  မန္တလေးနို့ချက်စက်ရုံသို့ သွားရောက်ပြီး နို့နှင့် နို့ထွက်ပစ္စည်းများထုတ်လုပ်နေမှု အခြေအနေများ အားလည်းကောင်း၊ ပန်းရိုးမ သောက်ရေသန့် စက်ရုံမှ ရေသန့်နှင့် ရေသန့်ရေခဲ ထုတ်လုပ်မှုနေမှု အခြေအနေများအား လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးသမဝါယမ အသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်သည့် Royal Ruby Flower တန်(၁၅ဝ)ကျဆန်စက် လည်ပတ်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း ကြည့်ရှု စစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် စက်ရုံများ စွမ်းအားပြည့် စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေး၊ ကုန်ကြမ်းရရှိရေး၊ ထွက်ရှိလာသော ထုတ်ကုန်များ ဈေးကွက်ရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 02, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 01, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Ministry of Electric Power / Posted on March 03, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

Myanmar National Human Rights Commission Statement No. ( 2 / 2026)

Myanmar National Human Rights Commission / Posted on March 02, 2026

The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,

Video