ပြည်ထောင်စုဝန်ကြီး ဦးလှမိုး မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / March 05, 2026
image_latest


နေပြည်တော် မတ် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေးသည်။

အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ ကျောက်တောင်ရပ် မန္တလေး-လားရှိုး ကားလမ်းမကြီးဘေး ရပ်ကွက်ကြီး (၅) ရှိ ပြင်ဦးလွင်မြို့နယ်သမဝါယမအသင်းစုပိုင် ခြံဝင်းတွင် “မဂဒူ” ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းနှင့် ပြင်ဦးလွင်မြို့နယ် သမဝါယမအသင်းစုတို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော “အမ်” ဟိုတယ်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက သမဝါယမဝန်ဆောင်မှု လုပ်ငန်းဖြစ်သည့်အတွက် ဝန်ဆောင်မှုကောင်းများပေးနိုင်ရန်အတွက် ဟိုတယ်အဆင့်သတ်မှတ်ချက်များနှင့်ကိုက်ညီအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လက်ရှိဟိုတယ်အခန်းများ အဆင့်မြှင့်တင်ပြုပြင်ခြင်းလုပ်ငန်းများကိုလည်း အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ သို့မှသာ ဧည့်သည်များ ပိုမိုတည်းခိုနိုင်မည်ဖြစ်ပြီး သမဝါယမ အသင်းအတွက်လည်း ဝင်ငွေများပိုမိုရရှိမည်ဖြစ်ကြောင်း၊ ထို့ပြင် ဒေသရှိ လူငယ်များအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းနှင့် အသစ်တိုးချဲ့ဆောင်ရွက်မည့် အစီအမံများ ရေးဆွဲတင်ပြသွားရန် ဆွေးနွေးမှာကြားသည်။

တွေ့ဆုံအားပေးစကားပြောကြား

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်ပြီး ဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ဦးစီးဌာနလေးခုမှ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ဝန်ထမ်းများ၏ အခက်အခဲများကို မေးမြန်း၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ကြီးကိုင်ကျေးရွာသို့ သွားရောက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သောကျေးရွာတွင် လမ်းကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာ ယာယီရှင်းလင်းဆောင်၌ ကျေးရွာသူ ကျေးရွာသားများနှင့်တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဒေသခံတောင်သူများအနေဖြင့် စိတ်တူကိုယ်တူဆန္ဒတူသူများ စုပေါင်း၍ သမဝါယမအသင်းများဖွဲ့စည်းကာ စီးပွားဖြစ် လယ်ယာကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းလာရေးအတွက် ပူးပေါင်းလုပ်ဆောင်ကြရန် လိုအပ်ကြောင်း၊ သမဝါယမအသင်းအဖွဲ့စနစ်ဖြင့် ဆောင်ရွက်သည့် တောင်သူများကို လိုအပ်သည့် မျိုးကောင်း မျိုးသန့်၊ သွင်းအားစုများကို စိုက်ပျိုးချိန်မီရရှိရေး ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ တင်ပြချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ချိတ်ဆက်ဆောင်ရွက်ပေးမည်

ဆက်လက်၍ အဆိုပါ ကြီးကိုင်ကျေးရွာ၌ သံဂဟေဆက်နည်းသင်တန်းဆင်းပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးထားသည့် အောင်အောင် သံပန်းသံတံခါးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ စဉ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အရင်းအနှီးများလိုအပ်ပါက ချိတ်ဆက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ကျေးရွာ (၄) ရပ်ကွက်ရှိ အိမ်ခြေ ၅၈၅ အိမ်၊ လူဦးရေ ၂၅၀၀ ကျော်နှင့် စိုက်ပျိုးမြေဧက ၂၅၀၀ တို့ကို အကျိုးပြုပေးနိုင်မည့် ညောင်နီ-ပိန္နဲကုန်း (တ) မှ အင်ကြီးကျေးရွာသို့ ဆက်သွယ်ပေးထားသည့် ကျေးရွာချင်းဆက်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on March 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Video