ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း အင်ဒိုနီးရှားနိုင်ငံ ဒုတိယသမ္မတဟောင်း ကွယ်လွန်ခဲ့သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး


Ministry of Information/ Naypyitaw / March 05, 2026
image_latest


ရန်ကုန် မတ် ၄

အင်ဒိုနီးရှားသမ္မတနိုင်ငံ၏ (၆) ဦးမြောက် ဒုတိယသမ္မတအဖြစ် ၁၉၉၃ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် H.E. Mr. Try Sutrisno သည် ၂၀၂၆ ခုနှစ် မတ် ၂ ရက်တွင် ကွယ်လွန်ခဲ့ သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားနိုင်ငံသံရုံး၌ ဖွင့်လှစ် ထားသည့် ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်၌ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက်လက်မှတ် ရေးထိုးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အင်ဒိုနီးရှားနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့် တာဝန်ရှိ သူများအား သံရုံးဧည့်ခန်းမတွင် တွေ့ဆုံနှုတ်ဆက်၍ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသမ္မတဟောင်း H.E. Mr. Try Sutrisno ကွယ်လွန် ခဲ့ခြင်းအပေါ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဝမ်းနည်းကြောင်းနှင့် စာနာထောက်ထားပါကြောင်း သတင်းစကားပြောကြားပြီး ဝမ်းနည်းကြောင်း မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

အင်ဒိုနီးရှား ဒုတိယသမ္မတဟောင်း H.E. Mr. Try Sutrisno သည် ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ အင်ဒိုနီးရှား ကြည်းတပ်ဦးစီးချုပ်အဖြစ်လည်းကောင်း၊ ၁၉၈၈ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိ အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၀ ရှိပြီဖြစ်ကြောင်း သိရှိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 03, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Ministry of Information / Posted on March 04, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on March 03, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Video