ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး


Ministry of Education/ Yangon / March 14, 2026


ရန်ကုန် ၂၀၂၆ မတ် ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းပညာရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒလမြို့ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ ကျောင်းသား ကျောင်းသူများ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒနှင့် ပထဝီဝင် ဘာသာရပ်ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ကြည့်ရှုစဉ် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာဖြေသူများလိုက်နာရန် စာမေးပွဲစည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းပြခြင်း၊ ခုံအမှတ် မှန်ကန်မှုစစ်ဆေးခြင်း၊ မေးခွန်းစာမျက်နှာစုံလင်မှု စစ်ဆေးခြင်း၊ တာဝန်ကျစာမေးပွဲ ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူး ဆရာ ဆရာမများက စာမေးပွဲစည်းမျဉ်း စည်းကမ်းနှင့်အညီ စနစ်တကျဆောင်ရွက်နေမှုများနှင့် ကျောင်းသား ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေးသည်။

ထို့နောက် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ မင်္ဂလာဒုံ မြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနများ၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန စုစုပေါင်း ၁၀၇ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၉၂၅၆ ဦး စာရင်းပေး သွင်းကြကာ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်ကို ၄၅၄၇၉ ဦး၊ ပထဝီဝင်ဘာသာရပ်ကို ၁၂၅၃ ဦး ဝင်ရောက်ဖြေဆိုကြပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဝင် စာမေးပွဲတွင် စာစစ်ဌာနစုစုပေါင်း လေးခု၌ ဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၀၂ ဦး စာရင်းပေးသွင်းကြပြီး စက်မှု အတတ်ပညာ (ပေါင်းစပ်သိပ္ပံ)၊ စိုက်ပျိုးရေးအတတ်ပညာ (သီးနှံထုတ်လုပ်ရေး (၃))ဘာသာရပ်ကို ၃၃၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Ministry of Information / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Video