ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်းပြန်လည်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန်ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ မင်းဘူးမြို့ ခရိုင်အားကစားကွင်းပြန်လည်ပြုပြင်နေမှုနှင့် ၂၀၂၆ ခုနှစ် မိုးရာသီ သစ်တောစိုက်ခင်းတည်ထောင်ရန်ပြင်ဆင်ထားမှုများအား ကွင်းဆင်းစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 02, 2026
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ သွားရောက်၍ အားကစားကွင်းအား အဆင့်မြှင့်တင်ရန် ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရိုင်အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်း အုတ်ရေမြောင်း ၃၁၀၂ ပေ ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လျာထားချက်အတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ အပူရှပ်ခြင်း/အပူကြောင့် သတိလစ်ခြင်း (Heat Stroke) ဖြစ်ပေါ်လာပါက လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုပေးရန် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက ယခု နွေရာသီ အပူချိန် မြင့်မားသောကာလတွင် အပူရှောင်စခန်းများ ဖွင့်လှစ်ပြီး အသက်အရွယ်ကြီးသူများနှင့် နာတာရှည် ရောဂါအခံရှိသူများအား စောင့်ရှောက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိသကဲ့သို့ အပူရှပ်ခြင်း အကြောင်းအရင်းများနှင့် ကာကွယ်ရန်နည်းလမ်းများကို ပြည်သူများ သိရှိစေရန် အသိပညာပေး လုပ်ငန်းများ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ်သို့ သွားရောက်၍ ၂၀၂၆ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန် သစ်မျိုး(၇) မျိုးဖြင့် ပျိုးပင်ပေါင်း (၉၀၀၀၀) ကျော် ပျိုးထောင်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး သက်တမ်း ၂ နှစ်ရှိ အမြင့် ၂ ပေအထက် ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေး ဆောင်ရွက်သွားရန်မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ်တောအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီတွင် တည်ထောင်မည့် ကျေးရွာထင်းစိုက်ခင်း (၃၀) ဧက၊ အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်း (၄၀) ဧကနှင့် (၃၀) ဧကတို့၏ မြေပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အဆင့်ချင်းအလိုက် အချိန်မီပြီးစီးရေး၊ တစ်ပင်စိုက် တစ်ပင်ရှင်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်သည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ March 31, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း
Ministry of Electric Power / Posted on March 24, 2026
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
