ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး ရန်ကုန်တိုင်းဒေသကြီးအတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / April 19, 2026


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ၁၉-၄-၂၀၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံ ပျိုးဥယျာဉ် သို့ သွားရောက်စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးက ၂၀၂၆ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပနိုင်ရေး ဒေသတွင်းစိမ်းလန်းစိုပြည် စေရန်အတွက် လူထုဖြန့် ပျိုးပင်များ ဖြန့်ဝေပေးနိုင်ရေးနှင့် နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးမှ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲကျင်းပနိုင်ရေးအတွက် မြေနေရာ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် အမြင့်(၃)ပေနှင့် အထက်ပျိုးပင်များကို စုဆောင်းထားရှိရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ ရာသီဥတု ပြောင်းလဲမှုများလျော့ချရန် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းဖြစ်သော သစ်ပင်စိုက်ပျိုးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ကြရန် မှာကြားပြီး ပျိုးဥယျာဥ်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာစက်မှုဇုံအတွင်းရှိ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့်သစ်စက်ဌာန၊ အမှတ်(၉)သစ်စက်သို့ သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းတင်ပြမှုများအပေါ် သိလိုသည်များအား မေးမြန်းခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွှဲပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ပြည့်ဝစွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video