ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Ministry of Information/ Naypyitaw / April 23, 2026
နေပြည်တော် ဧပြီ ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားတိုးမြှင့်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ခေတ္တဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက VideoConferencing ဖြင့် တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသုံးသပ်ပြီး တိုးတက်ဖြန့်ဖြူးပေးနိုင်မည့်အခြေအနေနှင့် အခြားရရှိနိုင်မည့်နည်းလမ်းများကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ဆဲ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စီမံကိန်းများကိုလည်း အမြန်ဆုံးပြီးစီးနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများကို တွန်းအားပေးကြပ်မတ်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်ဖျက်ဆီးခံရသည့် အချို့သော ရေအားလျှပ်စစ်စီမံကိန်းများ၊ မဟာဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင်လည်း အကြမ်းဖက်တိုက်ခိုက်မှုများခံရပြီး မိမိတို့ဝန်ထမ်းများ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများရှိပါကြောင်း၊ စီမံကိန်းများပြီးစီးမှုနောက်ကျခဲ့ခြင်းကြောင့် ပြည်သူလူထု၏ ဓာတ်အားလိုအပ်ချက်ကို ပြည့်ဝစွာဖြည့်ဆည်းပေးနိုင်ခြင်းမရှိခဲ့ကြောင်း၊ LNG သည် ဈေးနှုန်းကြီးမြင့်သော်လည်းလတ်တလောတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းသုံးစွဲနေကြရမည်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံထားပြီးဖြစ်ကြောင်း။
ထို့ကြောင့် LNG ဖြင့် ပို့လွှတ်သည့် လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ၉၀၀ ကျပ်နှုန်း သီးသန့် ဓာတ်အားလိုင်းဖြင့် ဓာတ်အားဖြတ်တောက်မှုမရှိဘဲ စက်မှုဇုန်များ၊ လုပ်ငန်းကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် အခြေအနေများနှင့် ပူပြင်းသည့် ယခုကာလများတွင် အများပြည်သူ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲခွင့်ရရှိနိုင်ရန် ရရှိနိုင်သည့်စွမ်းအင်အရင်းအမြစ်များကို စနစ်တကျ စစ်ထုတ်သုံးစွဲပြီး Power Generation ကို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစနစ်များကို တွက်ချက်မှုများ ဆောင်ရွက်ပြီးနောက် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ၊ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့မှ လက်ရှိဓာတ်အား ထုတ်လုပ်နေမှုအပြင် ပိုမိုရရှိလာသော သဘာဝဓာတ်ငွေ့ဖြင့် ထိရောက်မှုရှိအောင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မည့် အစီအမံများကို ချမှတ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၆ နာရီမှ ၁၈ နာရီ ဓာတ်အားဖြန့်ဖြူးနေမှုအစား ၁၈ နာရီမှ နာရီ ၂၀ အထိ တိုးမြှင့်၍လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ၁၄ နာရီမှ ၁၆ နာရီအစား ၁၆ နာရီမှ ၁၈ နာရီအထိ တိုးမြှင့်၍လည်းကောင်း၊ အခြားပြည်နယ်/ တိုင်းဒေသကြီးများအတွက် ၁၂ နာရီခန့် ဓာတ်အားဖြန့်ဖြူးနေမှုအစား အနည်းဆုံး ၁၄ နာရီ နေ့စဉ်ဖြန့်ဖြူးပေးခြင်းကို ယနေ့ညနေ ၃ နာရီမှ စတင်တိုးမြှင့်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 23, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 22, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on April 20, 2026
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
