ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဧရိယာရှိ ခေတ်မီသိုလှောင်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဧရိယာရှိ ခေတ်မီသိုလှောင်ရုံစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
Ministry of Information/ Naypyitaw / April 27, 2026
ရန်ကုန် ဧပြီ ၂၆
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်နှင့် အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Operate-Transfer, BOT)စနစ်ဖြင့် ဆောင်ရွက်လျက် ရှိသည့် ခေတ်မီသိုလှောင်ရုံစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
မှာကြား
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် Myanma Agricultural & General Development Public Limited (MAGDPL)တို့မှ သီလဝါဆိပ်ကမ်းဧရိယာအကွက်အမှတ် (၂၉)တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်စီမံကိန်းဖြစ်သော ခေတ်မီသိုလှောင်ရုံတည်ဆောက် ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ဦးဆောင်ညွှန်ကြားရေးမှူးက ခေတ်မီသိုလှောင်ရုံ လေးလုံးအနက်ပေ(၅၅၀ x ၁၅၀ x ၃၄)အရွယ်ရှိ တန်ချိန် ၂၅၀၀၀ သိုလှောင်နိုင်သည့် သိုလှောင်ရုံတစ်လုံးတည်ဆောက်ခြင်း၊ နောက်ခံမြေတွင် သဲဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အပိုင်းလိုက် ဆက်လက် တည်ဆောက်သွားမည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက အချိန်မီပြီးစီး၍ ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် နိုင်ငံ၏ အဓိကလယ်ယာထွက် ပို့ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် သိုလှောင်တင်ပို့နိုင်ရေးအတွက် စီမံထားသည့်အတိုင်းအပိုင်းလိုက် ဆက်လက်တည်ဆောက်သွားကြရန် ဖြည့်စွက်မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Myanmar International Terminal Thilawa (MITT) ဆိပ်ကမ်းတံတားသို့ ရောက်ရှိစစ်ဆေးပြီး MITT အစည်းအဝေးခန်းမတွင် သီလဝါဆိပ်ကမ်းဧရိယာရှိ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများအားတွေ့ဆုံရာ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ဆိပ်ကမ်းလုပ်ငန်းကဏ္ဍ စွမ်းဆောင်နိုင်မှုအခြေအနေများကို ရှင်းလင်းတင်ပြကာ BOT ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများက လက်ရှိ ဆိပ်ကမ်းဝန်ဆောင်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် တည်ဆောက်ရန်ကျန်ရှိသည့် BOT ဆိပ်ကမ်းတံတားများမှ ၎င်းတို့ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နှစ်စဉ်ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုတန်ဖိုးသည် နိုင်ငံတကာကုန်သွယ်မှုတန်ဖိုး၏ ပျမ်းမျှ ၇၀ ရာနှုန်းရှိသဖြင့် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှု၏ အဓိက ဝင်/ထွက်ပေါက်ဖြစ်သော ရန်ကုန်နှင့် သီလဝါဧရိယာရှိ ဆိပ်ကမ်းတံတားများအပါအဝင် ဆိပ်ကမ်းလုပ်ငန်း ကဏ္ဍတစ်ခုလုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ရန်ကုန်ဆိပ်ကမ်း၏ ကုန်ကိုင်တွယ်ရရှိမှုပမာဏကို မြှင့်တင်နိုင်ရန် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းအပြင် နိုင်ငံ၏ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားကို အကျိုးရှိစွာအသုံးချပြီး အိမ်နီးချင်းနိုင်ငံများ၏ ပို့ကုန်/သွင်းကုန်များကိုပါ သယ်ယူ ပို့ဆောင်ပေးနိုင်မည့် ကုန်း-ရေ နှစ်သွယ်ဘက်စုံသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်လိုကြောင်း၊ ထို့ကြောင့် ရန်ကုန် ဆိပ်ကမ်းမှတစ်ဆင့် ရေယာဉ် လွှဲပြောင်းတင်ဆောင်ခြင်း(Transshipment) ဝန်ဆောင်မှုနှင့် နိုင်ငံဖြတ်သန်း ကုန်သွယ်မှု (Transit Trade) ဝန်ဆောင်မှုများ ကိုပေးနိုင်ရန် အဆင်သင့်ဖြစ်မှုအတွက် ဆိပ်ကမ်းတံတားများကို ဆက်လက်တိုးချဲ့ တည်ဆောက်လုပ်ကိုင်ကြရန်လိုအပ်ပြီး နိုင်ငံ၏စွမ်းအင်လုံခြုံမှုအတွက်လည်း စက်သုံးဆီတံတားများနှင့် သိုလှောင်ကန်များကို မြေနေရာချထားပေးပြီးဖြစ်သည့် ပုဂ္ဂလိကလုပ်ငန်းရှင်များက ဆက်လက်ရင်းနှီးမြှုပ်နှံ တည်ဆောက်လုပ်ကိုင်ကြရန်၊ ဆိပ်ကမ်းလုပ်ငန်းစွမ်းဆောင်မှုကို မြှင့်တင်နိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် အသွင်ကူးပြောင်းဆောင်ရွက်ကြရန်၊ စွမ်းအင်သုံးစွဲမှု လျှော့ချနိုင်ရေးအတွက် ဆိုလာစနစ်ကို အစားထိုးသုံးစွဲကြရန်နှင့် ဘက်ထရီစနစ်သုံး ကုန်ကိုင်တွယ်စက်ကိရိယာများနှင့် ယာဉ်များကို ပြောင်းလဲ အသုံးပြုကြရန် တိုက်တွန်းပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်းပေး
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်တွင် ပို့ဆောင်ရေးဝန်ကြီးဌာနအောက်ရှိ ဌာနများမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဌာနအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြသည့်အပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းပေးသည်။
မွန်းလွဲပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် သိမ်ဖြူသင်္ဘောကျင်းရှိ 1500 BHP Harbour Tug တွန်းဆွဲရေယာဉ် အသစ်တစ်စင်း တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီပြီးစီးရေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
Ministry of Transport and Communications / Posted on April 27, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။
